ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ် ၃၂ သင်း အဆင့်ပြိုင်ပွဲရဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းကို အမှတ် မထင် အရေးနိမ့်ခဲ့မှုအတွက် ယခုအချိန်မှာတော့ ပြဿနာတစ်ရပ် စတင်ပြီး ရင်ဆိုင်နေရပါပြီ။ အဲ့ဒါကတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၃၂သင်း အဆင့်ကနေ လှည့်ပြန်ခဲ့ရတာကြောင့် လက်ရှိရာသီမှာ ကစားဖို့ ပွဲအနည်းငယ်သာ ကျန်ရှိကာ ကစားရမယ့်ပွဲနည်းသွားတာကြောင့် တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေကို ငွေပြန်အမ်းရမယ့် အခြေအနေပါ။

Photo Credit: Metro.com

တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားရတဲ့ ပရိသတ်တွေဟာ အသင်းရဲ့ တစ်ရာသီလုံးမှာ ကစားတဲ့ပွဲစဉ်တိုင်းကို ကြည့်ရှုခွင့်ရှိသူတွေ ဖြစ်ပြီး လက်ရှိမှာ အာဆင်နယ်အသင်းအတွက် ယှဉ်ပြိုင်ကစားစရာ ပွဲစဉ်ဟာ အနည်းငယ်သာ ကျန်ရှိတော့တာကြောင့် အဆိုပါပရိသတ်တွေ အတွက် နစ်နာမှုတေ​ွ ဖြစ်နေခဲ့ပြီး အဆိုပါ နစ်နာမှုအတွက် လက်မှတ်ဖိုး ပြန်အမ်းငွေတွေ ပေးဆောင်ရဖွယ်ရှိတယ်လို့ အင်္ဂလန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ အာဆင်နယ်အသင်းဟာ ပရိသတ်တေ​ွကို ပေါင်၄.၅သန်းဝန်းကျင်အထိ ပြန်အမ်းငွေ ပြန်ပေးရနိုင်ကြောင်းလည်း သိရှိရပါတယ်။

Photo Credit: Metro.com

အာဆင်နယ်ရဲ့ တစ်ရာသီစာလက်မှတ်ကို ဝယ်ယူထားတဲ့ ပရိသတ်တွေဟာ အိမ်ကွင်းမှာ ကစားရတဲ့ဖလားပြိုင်ပွဲ ၇ပွဲကို ကြည့်ရှုခွင့် ရရှိထားသူတွေဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် အမြင့်ဆုံးအနေနဲ့ အိမ်ကွင်းပွဲစဉ် ၅ပွဲသာ ကစားဖို့ရှိနေတာကြောင့် နှစ်ပွဲစာကို အသင်းထံကနေ ပြန်အမ်းငွေ ရရှိဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း လက်မှတ်တွေဟာ ပေါင်၅၀ဝန်းကျင်ရှိပြီး နှစ်ပွဲစာဆိုပါက ပေါင်၁၀၀နဲ့ တစ်ရာသီစာလက်မှတ် ကို ကိုင်ဆောင်ထားသူတွေဟာ ၄၆၀၀၀အထိ ရှိတာကြောင့် အာဆင်နယ်အသင်း ပြန်ပေးရမယ့် ငွေကြေးဟာ အနိမ့်ဆုံး ပေါင်၄.၆သန်းဝန်းကျင် ရှိမယ်လို့ တွက်ချက်မှုတေ​ွအရ သိရှိရပါတယ်။