အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ အာစင် ဝင်းဂါးကတော့ အာဆင်နယ်အသင်းကို နည်းပြခဲ့စဉ်က လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ်မှာ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံ ကစားသမား ကိုးမန်ကို ခေါ်ယူနိုင်ဖို့ တကယ် ကြိုးစားခဲ့ပြီး အပြောင်းအရွှေ့ကလည်း ပြီးမြောက်ဖို့ နီးစပ်ခဲ့တယ်လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ ဘိုင်ယန်အသင်း တောင်ပံ ကစားသမား ကိုးမန်ဟာ လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်သွားဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ဂျုဗင်တပ်အသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပြီး အာဆင်နယ်အသင်းကို ပယ်ချခဲ့ပြီးနောက် ဂျုဗင်တပ်အသင်းကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: TheSun

တောင်ပံကစားသမား ကိုးမန်ဟာ ဂျုဗင်တပ်အသင်းမှာ (၂) ရာသီကြာ ကစားပြီးနောက် ဂျုဗင်တပ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို (၂) ရာသီကြာ အငှားနဲ့ သွားရောက် ကစားခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ အငှားနဲ့ ခေါ်ယူခဲ့ရာကနေ အပြီးသတ် စာချုပ် ချုပ်ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကိုးမန်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှား စာချုပ်နဲ့ (၂) ရာသီ၊ အပြီးသတ် စာချုပ်နဲ့ (၃) ရာသီ၊ စုစုပေါင်း (၅) ရာသီ ကစားသွားပြီ ဖြစ်ပြီး အာစင် ဝင်းဂါးက အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ (၂၁၀၄) ခုနှစ်မှာ ကိုးမန်ကို ခေါ်ယူဖို့ အလွန် နီးစပ်ခဲ့ဖူးတယ်လို့ သတင်းထောက်တွေကို ပြန်လည် ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

နည်းပြ အာစင် ဝင်းဂါးက “ဟုတ်တာပေါ့။ ကျွန်တော်တို့ ပြီးခဲ့တဲ့ (၂၀၁၄) ခုနှစ်က နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကိုးမန်ကို ခေါ်ယူဖို့ တကယ် ကြိုးစားခဲ့ကြပါတယ်။ အပြောင်းအရွှေ့ကလည်းက လုံးဝ ပြီးမြောက်ဖို့ နီးစပ်နေခဲ့တယ်။ ဒါပေမယ့် သူက ဂျုဗင်တပ်အသင်းကို ပိုသဘောကျခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။ ဘိုင်နယ်မြူးနစ်အသင်းရဲ့ တောင်ပံ ကစားသမား ကိုးမန်ဟာ တနင်္ဂနွေနေ့ညက ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း ချန်ပီယံလိဂ် ဆုဖလားကို အသင်းရဲ့ သမိုင်းမှာ (၆) ကြိမ်မြောက် ရရှိခဲ့ပါတယ်။