MySport Myanmar

ဂျော်ဂျင်ဟိုအပြီး အိုဒွိုင်းကိုပါ ချယ်လ်ဆီးကနေ ခေါ်ယူသွားချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ လန်ဒန်မြို့ခံ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ကစားသမား ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ပေါင်(၁၂)သန်းနဲ့ ခေါ်ယူခဲ့သလို လာမယ့်နွေမှာလည်း ချယ်လ်ဆီးရဲ့ တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းကိုပါ ထပ်မံ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : Sports Illustrated

လန်ဒန်မှာမွေးပြီး ချယ်လ်ဆီးအကယ်ဒမီမှာ ဘောလုံးပညာရပ်တွေ သင်ကြားခဲ့သူ အိုဒွိုင်းဟာ ၂၀၀၇ခုနှစ်ကနေ (၁၀)နှစ်နီးပါးလောက် ချယ်လ်ဆီး လူငယ်အသင်းမှာ ကျင်လည်ခဲ့ပြီးနောက် ၂၀၁၈ခုနှစ်မှာပဲ ချယ်လ်ဆီး စီနီယာအသင်းကြီးအတွက် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ နည်းပြ အပြောင်းအလဲတွေနဲ့ အသင်းမှာ ထိပ်တန်းကစားသမားတွေ ရှိနေမှုကြောင့် အိုဒွိုင်းရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပြီး ဒီရာသီမှာပဲ အိုဒွိုင်းကို ချယ်လ်ဆီးက ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းဆီ တစ်ရာသီ အငှားချခဲ့ရပါတယ်။

Photo Credit : The Mirror

လက်ရှိမှာ ချယ်လ်ဆီးအသင်းက ဈေးကွက်နှစ်ခုအတွင်း ကစားသမား ခေါ်ယူမှုတွေကနေ အသုံးစရိတ်များစွာ သုံးစွဲထားခဲ့ရတာကြောင့် ချယ်လ်ဆီးအနေနဲ့ FFP စည်းမျဉ်းတွေနဲ့ မညှိစွန်းနေစေဖို့အတွက် လာမယ့်နွေမှာပဲ ကစားသမားတချို့ ရှင်းထုတ်သွားဖို့ လိုအပ်နေပြီး ဒီလို ရှင်းထုတ်ရမယ့် ကစားသမားစာရင်းထဲမှာလည်း အိုဒွိုင်းပါ ပါဝင်လို့နေပါတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံနေရာတွေမှာ ကစားသမား အရေအတွက်က မနည်းမနော ရှိနေတဲ့အတွက် အိုဒွိုင်းသာ အသင်းကို ပြန်လည် ရောက်ရှိလာရင် အသင်းမှာ နေရာရဖို့က လုံးဝ မလွယ်တော့တာကြောင့် အိုဒွိုင်းကိုယ်တိုင်ကပါ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ကို စဉ်းစားလာနိုင်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ အိုဒွိုင်းကို အာဆင်နယ်အသင်းက စောင့်ကြည့်လို့နေပြီး နွေဈေးကွက် ဖွင့်လှစ်ချိန်မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ်လည်း ရှိနေပါတယ်။ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ဟာ လန်ဒန်မြို့ခံအသင်းတွေ ဖြစ်နေပေမယ့် ယခင်ကတည်းကနေ အခုလက်ရှိအထိ ကစားသမား အပြောင်းအရွေ့တွေ အမြဲလိုလို လုပ်ဆောင်တတ်တဲ့ အသင်းတွေဖြစ်ပြီး အာဆင်နယ်က ချယ်လ်ဆီးကနေ ပီတာချက် ဒေးဗစ်လုဇ် ဝီလီယံနဲ့ ဂျော်ဂျင်ဟိုတို့ကို ခေါ်ယူခဲ့ဖူးသလို လာမယ့်နွေမှာပါ အိုဒွိုင်းကို ထပ်မံ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Exit mobile version