အာဆင်နယ်အသင်းရဲ့နည်းပြဖြစ်သူ မီခေးလ်အာတီတာဟာ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ကစားသမားအင်အားဖြည့်တင်းဖို့အတွက် ကစားသမားများစွာကို ပစ်မှတ်ထားလို့နေပြီး ဒီထဲမှာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးလည်း ပါဝင်လျက်ရှိနေပါတယ်။ ဒါပေမယ့် ပါတေးကို အသက်လက်တီကိုအသင်းကနေ အလွယ်တကူနဲ့ ရောင်းချဖွယ်မရှိတာကြောင့် အာဆင်နယ်ဘက်ကနေ ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့တိုက်စစ်မှူးလာကာဇက်ကိုပါ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

အသက်(၂၆)နှစ်အရွှယ်ရှိ ဂါနာလက်ရွေးစင် ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးဟာ အသက်လက်တီကိုလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်ကာ မာယော့ကာအသင်းမှာ (၂)ရာသီ အငှားနဲ့ သွားကစားခဲ့ပြီးနောက် အသက်လက်တီကိုအသင်းကို ပြန်ရောက်လာခဲ့ကာ အသင်းရဲ့ အမာခံကစားသမားဖြစ်လာခဲ့ရပါတယ်။ ကွင်းလယ်ခံစစ်နေရာမှာ အကောင်းဆုံးကစားတတ်သူဖြစ်တဲ့ ပါတေးကို ဥရောပအသင်းပေါင်းများစွာကနေ စိတ်ဝင်စားလာခဲ့ပြီး အာဆင်နယ်အသင်းကလည်း ပေါင်သန်း(၅၀)လောက်နဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့ပပါတယ်။

Photo Credit : Getty Image

ပါတေးက လက်ရှိမှာ အသက်လက်တီကိုအသင်းနဲဲ့ စာချုပ်သက်တမ်း (၃)နှစ်တောင် ကျန်ရှိနေသေးပြီး သူရဲ့လက်ရှိတန်ကြေးမှာလည်း အရမ်းမြင့်မားလွန်းနေတာကြောင့် ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းအနေနဲ့ ပါတေးကို ခေါ်ယူဖို့ခဲယဉ်းနေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ပါတေးကို အရခေါ်ယူနိုင်ဖို့အတွက် အသက်လက်တီကိုအသင်းဘက်ကနေ စိတ်ဝင်စားလို့နေတဲ့ ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါးလာကာဇက်ကို အပြောင်းအရွှေ့တစိတ်တပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေပါတယ်။ အသက်လက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက ကာဗာနီကို မခေါ်ယူနိုင်ခဲ့သလို လာမယ့်နွေမှာလည်း အသင်းကနေ ဒီယေဂိုကော်စတာကို ရောင်းထုတ်ဖို့ရှိနေတာကြောင့် အသက်(၂၈)နှစ်အရွှယ် တိုက်စစ်မှူးလာကာဇက်ကို အလိုရှိနေပြီး အာဆင်နယ်ဘက်ကနေ ဘယ်လိုကမ်းလှမ်းမှုပုံစံမျိုးနဲ့ ကမ်းလှမ်းလာမလဲဆိုတာကို စောင့်ကြည့်သွားရမှာပါ။