ဒီနှစ်ဘောလုံးရာသီမှာ လိုင်လီအသင်းရဲ့ ဘရာဇီးနောက်ခံကစားသမားလေး ဂါဘရီရယ်မက်ဂါလက်စ်ကို ခေါ်ယူနိုင်ခဲ့သလို ပါဘလိုမာရီကိုလည်း ဖလာမင်ဂိုအသင်းကနေ အပြီးသတ်ခေါ်ယူထားနိုင်ခဲ့ကာ ဝါရင့်နောက်ခံလူကြီး ဒေးဗစ်လုဇ်ကိုပါ တစ်နှစ်သက်တမ်းတိုးနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့အတွက် ဗီလာရီးရဲလ်အသင်းရဲ့ စပိန်နောက်ခံကစားသမား ပါအူတောရက်စ်ကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် စိတ်ဝင်စားလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Transfermarket

အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်နောက်ခံကစားသမား ပါအူတောရက်စ်ဟာ ဗီလာရီးရဲလ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် ခံစစ်မှူးတစ်ယောက်ဖြစ်ပြီး မာလာဂါအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ပြီးနောက်ပိုင်း အသင်းကို ပြန်ရောက်လာချိန်မှာ ဗီလာရီးရဲလ်ရဲ့ အဓိကနောက်ခံလူတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာ သူ့ကို ယူနိုက်တက်အသင်းကနေ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့သလို ယူနိုက်တက်နဲ့အပြိုင် အာဆင်နယ်အသင်းကလည်း ပါအူတောရက်စ်ကို ကမ်းလှမ်းလာဖွယ် ရှိနေတယ်လို့လည်း The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Villarreal USA

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်း ပိုမိုကျစ်လစ်စေဖို့အတွက် ခံစစ်ကစားသမားသစ်တွေ ခေါ်ယူထားခဲ့သလို အသင်းရဲ့ခံစစ်ပိုင်းမှာ အထောက်အကူပြုနိုင်မယ့် ဂါနာကွင်းလယ်ခံစစ်ကစားသမား သောမတ်စ်ပါတေးကိုလည်း ယူရိုသန်း(၅၀)နဲ့ ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ မူစတာဖီ ဆိုကရာတစ် ချမ်ဘာတို့လို နောက်ခံကစားသမားတွေကို အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေသလို လူငယ်နောက်ခံလူလေး ဆာလီဘာကိုလည်း ထပ်မံအငှားချချင်နေတာကြောင့် အသင်းရဲ့ခံစစ်ပိုင်းအတွက် ပါအူတောရက်စ်လို ကစားသမားကောင်းတစ်ယောက်ကို ခေါ်ယူအားဖြည့်ချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဗီလာရီးရဲလ်အသင်းကို ကိုင်တွယ်နေတဲ့ အူနိုင်းအမ်မရီက သူ့အသင်းရဲ့ အဓိကနောက်ခံလူတစ်ယောက်ကို သူ့ကို ထုတ်ပယ်ထားခဲ့တဲဲ့ အာဆင်နယ်အသင်းဆီ ရောင်းချပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေစေရပါတယ်။ ယူနိုက်တက်ကလည်း ခံစစ်ပိုင်းပြသာနာတွေနဲ့ ရင်ဆိုင်လို့နေရပြီး တကယ်လို့ ခံစစ်ပိုင်းယိုယွင်းမှုတွေက ဆက်တိုက်ဖြစ်နေဦးမယ်ဆိုရင် ဇန်နဝါရီလအတွင်းမှာ ပါအူတောရက်စ်ကို အရခေါ်ယူဖွယ် ရှိလို့နေပါတယ်။ အသင်းအများစုရဲ့ ရေဒါထဲမှာ ပါဝင်နေတဲ့ ပါအူတောရက်စ်ရဲဲ့လက်ရှိတန်ကြေးက ပေါင်(၃၅)သန်းဝန်းကျင်လောက် ရှိလို့နေပါတယ်။