MySport Myanmar

ဒီရာသီမှာ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေတဲ့ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားချင်နေတဲ့ အာဆင်နယ်

လာမယ့်စျေးကွက်ထဲမှာ အသင်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ တိုက်စစ်နေရာအတွက် ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားရမယ့် အာဆင်နယ်အသင်းဟာ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၄၅)သန်းနဲ့ ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sports Mole

မန်ချက်စတာမြို့သားလည်းဖြစ်ပြီး ၂၀၀၅ခုနှစ်ကတည်းက မန်ယူနိုက်တက်ရဲ့ အကယ်ဒမီကို ရောက်ရှိနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၅ခုနှစ်မှာပဲ သူရဲ့ ယူနိုက်တက် စီနီယာ ကစားသမားဘဝကို စတင်နိုင်ခဲ့ပြီး ယူနိုက်တက်ကြယ်ပွင့်တွေထဲကမှ အကောင်းဆုံး တောက်ပလာနိုင်မယ့်သူလို့ ထင်ကြေးပေးခံရလောက်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာတော့ ကစားသမားဘဝ အဆိုးရွှားဆုံး အခြေအနေမျိုးကို ရောက်ရှိနေရပြီး ပရီးမီးယားလိဂ်မှာ (၄)ဂိုးသာ သွင်းယူထားသလို အသင်းအတွက် နောက်ဆုံးကစားထားခဲ့တဲ့ (၁၄)ပွဲဆက်တိုက်အထိ ဂိုးပေါက်ပျောက်လို့နေပါတယ်။

Photo Credit : talkSPORT

သူရဲ့ကျဆင်းလာတဲ့ စွမ်းဆောင်ရည်တွေကြောင့် ပွဲကစားချိန် အကန့်အသတ်နဲ့ပါ ဖြစ်လာခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ချင်လာသလိုပါ ဖြစ်လာခဲ့ရသလို ဘာစီလိုနာ ပီအက်စ်ဂျီတို့လို ထိပ်သီးအသင်းတွေနဲ့ပါ သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။ အခုနောက်ဆုံး သတင်းထွက်လာတာကတော့ ပရီးမီးယားလိဂ်က ပြိုင်ဘက်အာဆင်နယ်အသင်းနဲ့ဖြစ်ပြီး အာဆင်နယ်ဘက်က ရပ်ရှ်ဖို့ဒ်အတွက် ပေါင်(၄၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့ပါ စီစဉ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဆောင်းစျေးကွက်တုန်းက တိုက်စစ်မှူး အူဘာမီယန်းကို လက်လွတ်ထားခဲ့ရသလို လာမယ့်နွေမှာလည်း လာကာဇက်နဲ့ အန်ခယ်တီယာတို့က အသင်းနဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးကြတော့မှာ ဖြစ်တဲ့အတွက် တိုက်စစ်ပိုင်းကို ပြန်လည်အင်အားဖြည့်တင်းဖို့က မဖြစ်မနေကို လိုအပ်နေတာ ဖြစ်ပါတယ်။ တိုက်စစ်ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ အစီအစဉ်ရှိနေတဲ့ အာဆင်နယ်ဟာ မန်စီးတီးကစားသမား ဂျေဇူး ချယ်လ်ဆီးကစားသမားဟောင်း အေဘရာဟမ်တို့အပြင် အခုလည်း ရပ်ရှ်ဖို့ဒ်ကိုပါ ပစ်မှတ်ထားလာခဲ့ပြီး ဒီကစားသမားတွေ မရရှိခဲ့ရင်လည်း အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်ကို ခေါ်ယူသွားဖွယ် ရှိနိုင်ပါတယ်။

Exit mobile version