အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အပြောင်းအရွှေ့ အသုံးစရိတ်အဖြစ် ပေါင်သန်း(၃၀၀)အထိ အသုံးပြုသွားဖို့ ပြင်ဆင်ထားပြီး အားကစားဒါရိုက်တာသစ် အန်ဒရီယာ ဘာတာက ကစားသမားသစ် (၇)ဦးအထိ ခေါ်ယူဖို့ မျှော်မှန်းနေပါတယ်။
အက်သလက်တီကို မက်ဒရစ်မှာ ဆယ်စုနှစ်ကျော်ကြာ အတွေ့အကြုံရှိခဲ့တဲ့ ဘာတာဟာ အာဆင်နယ်နဲ့ ပူးပေါင်းဖို့ သဘောတူညီခဲ့ပြီး စာချုပ်ချုပ်ပြီးတာနဲ့ အလုပ်စတင်ဖို့ ရှိပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ ငွေကြေးစည်းမျဉ်းတွေကို မချိုးဖောက်ဘဲ အပြောင်းအရွှေ့မှာ ကြီးကြီးမားမား သုံးစွဲဖို့ အဆင်သင့် ဖြစ်နေပါတယ်။
Photo Credit : Goal
ဘာတာက အာဆင်နယ်အတွက် အရန်ဂိုးသမား၊ ဘယ်နောက်ခံလူ၊ ကွင်းလယ်ခံစစ်၊ ဘယ်တောင်ပံ၊ တိုက်စစ်မှူးနဲ့ ဆာကာအတွက် အရန်ကစားသမားတွေအပြင် ဘက်စုံသုံးနိုင်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးတို့ကိုပါ ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။
အာဆင်နယ်ရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးကတော့ ရီးယဲလ် ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီပါ။ အာဆင်နယ်က သူ့ရဲ့ လျော်ကြေး ပေါင်(၅၁)သန်းကို ပေးချေဖို့ အစီအစဉ် ရှိနေပါတယ်။ နီကို ဝီလီယံနဲ့ ဂျိုအန် ဂါစီယာတို့ကိုလည်း စောင့်ကြည့်နေပြီး နယူးကာဆယ်က ဂွီမာရက်စ်နဲ့ အီဆက်ခ်တို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Photo Credit : Football Transfer
အီဆက်ခ်ကို ခေါ်ဖို့ယူဖို့က ခက်ခဲနိုင်တာကြောင့် လိုက်ပ်ဇစ်က ဆက်စ်ကို ကိုပါ အာဆင်နယ်က စိတ်ဝင်စားနေပါတယ်။ ဆက်စ်ကိုက လန်ဒန်မြောက်ပိုင်းအသင်းဆီ ပြောင်းချင်နေတာကြောင့် အီဆက်ခ်ကိုသာ မခေါ်နိုင်ရင် ဆက်စ်ကို ကိုသာ ပြောင်းလဲ ကြိုးပမ်းလာနိုင်ပါတယ်။ ဒါ့အပြင် ဝုလ်ဗ်က ကွန်ဟာကိုလည်း အာဆင်နယ်က စောင့်ကြည့်နေပါတယ်။
အာဆင်နယ်က ဒီနွေရာသီမှာ အသင်းကို အားဖြည့်ပြီး အောင်မြင်မှုတွေ ရယူဖို့ ကြိုးစားနေပါတယ်။ ဘာတာရဲ့ ရောက်ရှိမှုက အသင်းရဲ့ အပြောင်းအရွှေ့ ဗျူဟာကို ဘယ်လို ပြောင်းလဲစေမလဲ ခေါ်ယူတဲ့ ကစားသမားတွေက အသင်းကို ဘယ်လို အထောက်အကူ ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အာတီတာက အာဆင်နယ်ကို အင်္ဂလန်နဲ့ ဥရောပမှာ ဆုဖလားအတွက် ယှဉ်ပြိုင်နိုင်တဲ့ အသင်းဖြစ်အောင် တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။