ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်တုန်းက အသင်းရဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းကို အသင်းကနေ ထွက်ခွာခွင့်ပြုထားခဲ့ရသလို လာမယ့်နွေမှာလည်း နောက်ထပ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လာကာဇက်နဲ့ အန်ခယ်တီယာတို့ကိုပါ ဆုံးရှုံးရဖွယ် ရှိနေတဲ့ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ဘင်ဖီကာအသင်းရဲ့ တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို ခေါ်ယူသွားဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

CM: Milan among the teams 'crazy' about Benfica star Darwin Nunez - the  situation

Photo Credit : Sempre Milan

ဗြိတိန်ရဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Daily Express ရဲ့ ဖော်ပြချက်အရ တိုက်စစ်ပိုင်းအတွက် အားဖြည့်ဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်နွေစျေးကွက်မှာ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားဖို့အတွက် ဘင်ဖီကာ တိုက်စစ်ကစားသမား နူနက်ဇ်ကို ပစ်မှတ်ထားနေပြီး နူနက်ဇ်ရဲ့အေးဂျင့်နဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အသက်(၂၂)နှစ်သာ ရှိနေသေးတဲ့ ပါရာဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားလေး နူနက်ဇ်ဟာ ဘယ်ခြေအားသန်တဲ့ ကစားသမားဖြစ်ပြီး ပြေးအား တိုက်စစ်ကစားအား အထူးကောင်းမွန်သူ ဖြစ်သလို ဘင်ဖီကာအသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်စေမယ့် အဆုံးအဖြတ် သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

West Ham chasing late deal for Benfica striker Darwin Nunez | Marca

Photo Credit : Marca

၂၀၂ဝခုနှစ်ကတည်းက ဘင်ဖီကာအသင်းကို ရောက်ရှိလာခဲ့တဲ့ နူနက်ဇ်ဟာ လက်ရှိအချိန်ထိ ဘင်ဖီကာအသင်းအတွက် (၇၇)ပွဲထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး (၄၀)ထိ သွင်းယူလို့ထားပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း စုစုပေါင်း သွင်းဂိုး (၂၆)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အသက်ငယ်ရွယ်သေးသူဖြစ်လို့ အာဆင်နယ်နည်းပြ မီခယ်လ်အာတီတာရဲ့ ပရောဂျက် လူငယ်ကစားသမားတွေကိုသာ ပစ်မှတ်ထားတတ်တဲ့ ကလပ်အသင်းရဲ့ မူဝါဒတို့နဲ့ ကိုက်ညီနေတာကြောင့် အာဆင်နယ်ဘက်က နူနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နူနက်ဇ်ကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလျက် ရှိနေကြသလို နူနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကိုလည်း ဘင်ဖီကာဘက်က ပေါင်(၆၇)သန်းလောက်အထိ သတ်မှတ်ထားတဲ့အပြင် အသင်းနဲ့ကလည်း ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်လို့ နူနက်ဇ်ကို ခေါ်ယူဖို့က ထင်ထားတာထက်ကို ပိုမိုခက်ခဲနိုင်ဖွယ် ရှိနေရပါတယ်။