MySport Myanmar

ပေပေနေရာမှာ အစားထိုးဖို့အတွက် ဇာဟာကို တစ်ကျော့ပြန် ပစ်မှတ်ထားလာခဲ့တဲ့ အာဆင်နယ်

LONDON, ENGLAND - AUGUST 20: Wilfried Zaha of Crystal Palace during the Premier League match between Crystal Palace and Aston Villa at Selhurst Park on August 20, 2022 in London, England. (Photo by Christopher Lee/Getty Images)

အာဆင်နယ်အသင်းဟာ လီဂူးကလပ် နိုက်စ်အသင်းဆီကို ပြောင်းရွှေ့သွားတော့မယ့် တောင်ပံကစားသမား နီကိုလာပေပေရဲ့နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် ပစ်မှတ်ဟောင်းတစ်ဦးဖြစ်သူ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဝယ်ဖရစ်ဇာဟာကို အသင်း shortlist ထဲမှာ ထည့်သွင်းထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Premier League

အာဆင်နယ်အသင်းဟာ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံကစားသမား ဇာဟာကို ၂၀၁၉ခုနှစ်တုန်းက ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ရင်းနဲ့မှ နောက်ဆုံးမှာတော့ ဇာဟာရဲ့လက်ရွေးစင် အသင်းဖော်ဖြစ်သူ ပေပေကိုပဲ လိုင်လီအသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားခဲ့ပါတယ်။ မျှော်လင့်ချက်များစွာနဲ့ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ပေပေက ထင်ထားသလို အသင်းနဲ့ အံ့ဝင်ခွင်ကျ မဖြစ်ခဲ့ပဲ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး အသင်းရဲ့ biggest flop player ဖြစ်လာခဲ့ရသလို အခုဆို အသင်းနဲ့ပါ လမ်းခွဲရတော့မယ့် အနေအထားအထိ ရောက်ရှိလာခဲ့ရပါတယ်။

Photo Credit : Football.London

ဇာဟာအနေနဲ့ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီးမှ ပေပေကို ခေါ်ယူသွားတဲ့ အာဆင်နယ်ရဲ့ လုပ်ရပ်အပေါ် နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ပြောဆိုထားခဲ့ဖူးပြီး သူု့လို ပရီးမီးယားလိဂ် ကစားသမားတစ်ဦးထက် ပရီးမီးယားလိဂ်မှာ လုံးဝမကျင်လည်ဖူးတဲ့ ကစားသမားတစ်ယောက်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားခဲ့တာက အံ့အားသင့်စရာဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ဟာ သူတို့ရဲ့ flop player ပေပေကို လီဂူးပြိုင်ပွဲဆီ ပြန်လည် စေလွှတ်တော့မှာဖြစ်လို့ သူ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် တောင်ပံကစားသမားတွေ ရှာဖွေလျက်ရှိနေရာ ဝုလ်ဗ်က ပတ်ဒရိုနက်တို ဗီလာရီးယဲလ်က ယယ်ရမီပီနိုတို့အပြင် ပစ်မှတ်ဟောင်းကြီး ဇာဟာကိုပါ shortlist ထဲ ထည့်သွင်းထားခဲ့ပါတယ်။ လက်ရှိမှာ အသက်(၂၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဇာဟာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပဲလေ့စ်အသင်းအတွက် (၃)ဂိုး သွင်းယူထားပြီး ပဲလေ့စ်ရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်နေရပေမယ့် ပဲလေ့စ်နဲ့ ဇာဟာတို့ကြား စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့သလို စာချုပ်သစ်ကိစ္စကလည်း မသေချာသေးတာကြောင့် အာဆင်နယ်အနေနဲ့ ဒီတစ်ချိန်မှာ ဇာဟာကို ခေါ်ယူန်ိုင်ဖို့ အလားအလာကောင်းနိုင်ပါတယ်။ ဒါ့အပြင် ဇာဟာ ဟာ သူငယ်စဉ်ကတည်းက အာဆင်နယ်အသင်းကို အားပေးလာခဲ့သူလည်း ဖြစ်တာမို့ ဒီတစ်ကြိမ်သာ အာဆင်နယ်ဘက်က ကမ်းလှမ်းလာမယ်ဆိုရင် ဒီအခွင့်အရေးကို သေချာပေါက် အသုံးချသွားဖွယ် ရှိလာနိုင်ပါတယ်။

Exit mobile version