အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းကနေ ဝါရင့်တောင်ပံကစားသမားကြီး ဝီလီယံကို ခေါ်ယူခဲ့ပြီးနောက် နောက်ထပ်ကစားသမားသစ်တွေကို ဆက်လက်ခေါ်ယူဖို့ အသင်းရဲ့နည်းစနစ်အီဒူးက လုပ်ဆောင်လျက်ရှိနေပြီး သူတို့ရဲ့ပစ်မှတ်တစ်ခုဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ပြင်သစ်ကွင်းလယ်ကစားသမား ဟာဆန်အာဝါအတွက် ပြောင်းရွှေ့ကြေးအချို့ရယ် အသင်းရဲ့ကွင်းလယ်ကစားသမား မက်တီအိုဂွမ်ဒူဇီဆီရယ်နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့ရာ လိုင်ယွန်ဘက်ကနေ ဒီကမ်းလှမ်းချက်ကို ချက်ချင်းပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : GetFootallNewsFrance

အသက်(၂၂)နှစ်အရွှယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမားလေး အာဝါဟာ လိုင်ယွန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူဖြစ်ပြီး အသင်းကိုလည်း ဒီရာသီမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်အထိ တတ်လှမ်းနိုင်အောင် စွမ်းဆောင်ပေးထားနိုင်သူဖြစ်ပါတယ်။ ဒီကစားသမားလေးကို စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေများစွာရှိနေပေမယ့်လည်း ဒီအသင်းတွေအားလုံးထဲမှာမှ အာဆင်နယ်အသင်းက အာဝါအတွက် ကမ်းလှမ်းမှုစတင်ပြုလုပ်ခဲ့တဲ့အသင်းဖြစ်ပြီး အာဆင်နယ်ရဲ့ကမ်းလှမ်းချက်ကို လိုင်ယွန်ဘက်ကနေ စိတ်ဝင်စားခြင်းမရှိပဲ ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Football.London

အာဆင်နယ်ဟာ အာဝါအတွက် ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ပြင်သစ်ကွင်းလယ်ကစားသမားဂွမ်ဒူဇီကို အလိုက်ပေးကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် လိုင်ယွန်က ဂွမ်ဒူဇီကို အလိုမရှိပဲ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးသီးသန့်ကိုသာ အလိုရှိနေတာဖြစ်ပါတယ်။ ပြင်သစ်သတင်းမီဒီယာ L’Équipe ရဲ့ဖော်ပြချက်အရ အာဝါကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်ရဲ့နည်းစနစ်ဒါရိုက်တာအီဒူးက အကောင်းဆုံးကြိုးစားပေးနေလျက်ရှိပြီး ဝီလီယံကို ခေါ်ယူနိုင်ခဲ့စဉ်တုန်းကလည်း အီဒူးရဲ့ကြိုးပမ်းမှုတွေက အတော်လေးကို အရေးပါခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ အာဆင်နယ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်း ပထမဆုံး ကစားသမားသစ် ခေခါ်ယူမှုအနေနဲ့ အသက်(၃၂)နှစ်အရွှယ်ရှိ တောင်ပံတိုက်စစ်ကစားသမား ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီး တစ်ပတ်ကို ပေါင်(၂)သိန်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုထားပါတယ်။ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ရောက်ကစားခွင့် ရရှိလို့ထားတဲ့ အာဆင်နယ်က ဝီလီယံကို ခေါ်ယူအပြီးမှာ နောက်ထပ်ကစားသမားသစ်တွေကို အနည်းဆုံး(၂)ယောက်လောက် ထပ်မံခေါ်ယူဖွယ်ရှိပြီး ကစားသမားတချို့ကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။