ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာနောက်ခံနေရာ အတွက် အီတလီ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းရဲ့ ဂျပန် နောက်ခံလူ တိုမီယာဆုကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ညာနောက်ခံလူတွေ ဖြစ်ကြတဲ့ ဘယ်လာရင် ၊ မစ်လန်တန်နိုင်းလ် တို့လို ကစားသမားတွေကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် ဈေးကွက် မပိတ်သိမ်းမီ နောက်ခံလူသစ် တဦးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေတာပါ။

Photo Credit: The Athletic

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဂျပန် လက်ရွေးစင် နောက်ခံလူ တိုမီယာဆုဟာ ညာနောက်ခံ ၊ ဗဟိုခံစစ် နှစ်နေရာစလုံးမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုလော့ဂ်နာအသင်း ကတော့ သူ့ရဲ့ တန်ကြေးကို ယူရို ၂၅သန်း ဝန်းကျင် သတ်မှတ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ညာနောက်ခံလူ အီမာဆန်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် တိုမီယာဆု အတွက် ဘိုလော့ဂ်နာအသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: The Athletic

တိုမီယာဆု ကတော့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခွင့်ရမယ့် အပေါ် စိတ်လှုပ်ရှားနေပြီး အသင်းနှစ်သင်း ကြားမှာ သဘောတူညီမှု ရရှိပါက အာဆင်နယ်အသင်း အခြေစိုက်ရာ လန်ဒန်မြို့ဆီ သွားဖို့ ပြင်ဆင်ထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။