ေဘာလုံးသမားဘဝကို စတင္ခ်ိန္မွာကတည္းက အာဆင္နယ္လူငယ္အကယ္ဒမီအသင္းမွာ ပါဝင္ခဲ႔တာျဖစ္ၿပီး အသက္၁၉ႏွစ္အရႊယ္မွာပဲ အာဆင္နယ္စီနီယာအသင္းအတြက္ ပါဝင္ကစားခြင့္ရခဲ႔တဲ႔ ႏုိင္ဂ်ီးရီးယားလက္ေရြးစင္ ေတာင္ပံတုိက္စစ္ကစားသမား အဲလက္စ္အီဝုိဘီဟာ အာဆင္နယ္ကစားသမားအျဖစ္ ၄ႏွစ္တာေလာက္ ျဖတ္သန္းခဲ႔လုိ႔အၿပီးမွာ မေမွ်ာ္လင့္ပဲနဲ႔ အဲဗာတန္အသင္းဆီကုိ ေျပာင္းေရႊ႔ျဖစ္ခဲ႔ပါတယ္။ အေျပာင္းအေရႊ႔ေစ်းကြက္အတြင္းမွာ သတင္းမထြက္ခဲ႔တဲ႔ အီဝုိဘီဟာ ပရီးမီးယားလိဂ္ေစ်းကြက္ ေနာက္ဆုံးေန႔မွာပဲ အဲဗာတန္အသင္းဆီကုိ ေရာက္ရွိခဲ႔လုိ႔ ပရိသတ္ေတြကုိ အေတာ္ေလးအံ့အားသင့္ေစခဲ႔ပါတယ္။

Photo Credit : Getty Images

အဲဗာတန္အသင္းဟာ တကယ္ေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕ ေတာင္ပံကစားသမားဇာဟာကုိ ေခၚယူသြားဖုိ႔ ႀကိဳးစားခဲ႔တာျဖစ္ေပမယ့္လည္း ပဲေလ့စ္အသင္းဘက္ကေန ဇာဟာအတြက္ ေျပာင္းေရႊ႔ေၾကးကုိ အဆမတန္ ေတာင္းဆုိထားတာေၾကာင့္ အေျပာင္းအေရႊ႔က ပ်က္ျပယ္ခဲ႔ရၿပီး ဇာဟာအစား အီဝုိဘီကုိသာ ေခၚယူလုိက္တာျဖစ္ပါတယ္။ အဲဗာတန္အသင္းဟာ အီဝုိဘီအတြက္ ကနဦးေျပာင္းေရႊ႔ေၾကးအျဖစ္ ေပါင္သန္း၃၀နဲ႔ ကမ္းလွမ္းခဲ႔ေပမယ့္ အာဆင္နယ္ဘက္ကေန ပယ္ခ်ခဲ႔ၿပီး ေနာက္ထပ္ကမ္းလွမ္းခ်က္အျဖစ္ ေျပာင္းေရႊ႔ေၾကး ေပါင္၂၈သန္းအပါအဝင္ အပုိဆုေၾကးေတြနဲ႔ ေပါင္၃၄သန္းနဲ႔ ထပ္မံကမ္းလွမ္းခဲ့ရာမွာ အဆင္ေျပသြားခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီလုိ အာဆင္နယ္အသင္းကေန အဲဗာတန္အသင္းဆီ ေျပာင္းေရႊ႔လုိက္ရတဲ႔ အေၾကာင္းအရင္းနဲ႔ပတ္သက္ၿပီး အီဝုိဘီက “ကြ်န္ေတာ္အဲဗာတန္အသင္း တာဝန္ရွိသူေတြ နည္းျပေတြနဲ႔ စကားေျပာခဲ့ၿပီး သူတုိ႔ကြ်န္ေတာ္ကုိ အရမ္းဆြဲေဆာင္သြားႏုိင္ခဲ႔တယ္။ ကမ္းလွမ္းခ်က္ေပၚလာေတာ့လည္း ဘယ္လုိမွ ပယ္ခ်လုိ႔မရႏုိင္တဲ႔ ကမ္းလွမ္းခ်က္လုိမ်ိဳးျဖစ္ေနတယ္။ နည္းျပကလည္း ကြ်န္ေတာ့္ကုိ အဲဗာတန္အသင္းမွာ အေကာင္းဆုံးထားရွိသြားမယ္ဆုိၿပီး အာမခံေပးခဲ႔တယ္။ အတိအက်ေျပာရရင္ ေဘာလုံးသမားတစ္ေယာက္ သူ႔ကုိအကမ္းလွမ္းခံရခ်ိန္မွာ အၾကားခ်င္ဆုံးစကားေတြကုိ ကြ်န္ေတာ္ၾကားခဲ႔ရတာမ်ိဳးပါ”

Photo Credit : Getty Images

“အာဆင္နယ္မွာၾကေတာ့ ကြ်န္ေတာ့္ကုိ လူငယ္ကစားသမားအျဖစ္နဲ႔ တြဲျမင္ၾကပါတယ္။ ဒါေပမယ့္ အဲဗာတန္ကုိ ေရာက္ရွိလာခ်ိန္မွာေတာ့ ဒီအသင္းရဲ႕ သမုိင္းေၾကာင္းမွာ ပါဝင္ခြင့္ရသြားမယ့္ အဓိက ကစားသမားတစ္ေယာက္ျဖစ္လာခ်င္ပါတယ္။ အေကာင္းဆုံးႀကိဳးစားသြားမယ္” လုိ႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။ အဲဗာတန္ကစားသမားသစ္ျဖစ္လာခဲ႔တဲ႔ အီဝုိဘီဟာ အဲဗာတန္အသင္းရဲ႕ ဒီရာသီ ပထမဆုံးေသာ ပရီးမီးယားလိဂ္အဖြင့္ပြဲေန႔မွာေတာ့ ပါဝင္ႏုိင္ျခင္းမရွိေပမယ့္ ဒီတစ္ပတ္စေနေန႔မွာ က်င္းပသြားမယ့္ ဝက္ဖုိဒ့္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္၂မွာေတာ့ ပါဝင္ကစားႏုိင္ေတာ့မွာပဲျဖစ္ပါတယ္။

(Unicode)

ဘောလုံးသမားဘဝကို စတင်ချိန်မှာကတည်းက အာဆင်နယ်လူငယ်အကယ်ဒမီအသင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး အသက်၁၉နှစ်အရွှယ်မှာပဲ အာဆင်နယ်စီနီယာအသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့တဲ့ နိုင်ဂျီးရီးယားလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား အဲလက်စ်အီဝိုဘီဟာ အာဆင်နယ်ကစားသမားအဖြစ် ၄နှစ်တာလောက် ဖြတ်သန်းခဲ့လို့အပြီးမှာ မမျှော်လင့်ပဲနဲ့ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သတင်းမထွက်ခဲ့တဲ့ အီဝိုဘီဟာ ပရီးမီးယားလိဂ်စျေးကွက် နောက်ဆုံးနေ့မှာပဲ အဲဗာတန်အသင်းဆီကို ရောက်ရှိခဲ့လို့ ပရိသတ်တွေကို အတော်လေးအံ့အားသင့်စေခဲ့ပါတယ်။

Photo Credit : Getty Images

အဲဗာတန်အသင်းဟာ တကယ်တော့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမားဇာဟာကို ခေါ်ယူသွားဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့်လည်း ပဲလေ့စ်အသင်းဘက်ကနေ ဇာဟာအတွက် ပြောင်းရွှေ့ကြေးကို အဆမတန် တောင်းဆိုထားတာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပြီး ဇာဟာအစား အီဝိုဘီကိုသာ ခေါ်ယူလိုက်တာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ အီဝိုဘီအတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း၃၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်ဘက်ကနေ ပယ်ချခဲ့ပြီး နောက်ထပ်ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ပေါင်၂၈သန်းအပါအဝင် အပိုဆုကြေးတွေနဲ့ ပေါင်၃၄သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ရာမှာ အဆင်ပြေသွားခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီလို အာဆင်နယ်အသင်းကနေ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့လိုက်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး အီဝိုဘီက “ကျွန်တော်အဲဗာတန်အသင်း တာဝန်ရှိသူတွေ နည်းပြတွေနဲ့ စကားပြောခဲ့ပြီး သူတို့ကျွန်တော်ကို အရမ်းဆွဲဆောင်သွားနိုင်ခဲ့တယ်။ ကမ်းလှမ်းချက်ပေါ်လာတော့လည်း ဘယ်လိုမှ ပယ်ချလို့မရနိုင်တဲ့ ကမ်းလှမ်းချက်လိုမျိုးဖြစ်နေတယ်။ နည်းပြကလည်း ကျွန်တော့်ကို အဲဗာတန်အသင်းမှာ အကောင်းဆုံးထားရှိသွားမယ်ဆိုပြီး အာမခံပေးခဲ့တယ်။ အတိအကျပြောရရင် ဘောလုံးသမားတစ်ယောက် သူ့ကိုအကမ်းလှမ်းခံရချိန်မှာ အကြားချင်ဆုံးစကားတွေကို ကျွန်တော်ကြားခဲ့ရတာမျိုးပါ”

Photo Credit : Getty Images

“အာဆင်နယ်မှာကြတော့ ကျွန်တော့်ကို လူငယ်ကစားသမားအဖြစ်နဲ့ တွဲမြင်ကြပါတယ်။ ဒါပေမယ့် အဲဗာတန်ကို ရောက်ရှိလာချိန်မှာတော့ ဒီအသင်းရဲ့ သမိုင်းကြောင်းမှာ ပါဝင်ခွင့်ရသွားမယ့် အဓိက ကစားသမားတစ်ယောက်ဖြစ်လာချင်ပါတယ်။ အကောင်းဆုံးကြိုးစားသွားမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဲဗာတန်ကစားသမားသစ်ဖြစ်လာခဲ့တဲ့ အီဝိုဘီဟာ အဲဗာတန်အသင်းရဲ့ ဒီရာသီ ပထမဆုံးသော ပရီးမီးယားလိဂ်အဖွင့်ပွဲနေ့မှာတော့ ပါဝင်နိုင်ခြင်းမရှိပေမယ့် ဒီတစ်ပတ်စနေနေ့မှာ ကျင်းပသွားမယ့် ဝက်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၂မှာတော့ ပါဝင်ကစားနိုင်တော့မှာပဲဖြစ်ပါတယ်။