အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် ယူကရိန်း နောက်ခံအစွန်လူ အိုလက်ဆန်ဒါဇင်ချန်ကိုဟာ အထင်ကြီးစရာကောင်းလှတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် နိုင်ပွဲရာခိုင်နှုန်း ဒုတိယမြောက် အများဆုံး ကစားသမား ဖြစ်နေရတယ်လို့ စစ်တမ်းများအရ သိရှိရပါတယ်။

Oleksandr Zinchenko has won 81.6 per cent of his Premier League games

Photo Credit : The Sun

နွေဈေးကွက်အတွင်း မန်ချက်စတာစီးတီးအသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ယူကရိန်းလက်ရွေးစင် ဘယ်နောက်ခံကစားသမား ဇင်ချန်ကိုဟာ သူရဲ့ အသင်းဟောင်း မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ပွဲပေါင်း (၇၆)ပွဲကို ပါဝင်ကစားခဲ့ပြီး အဲ့ဒီထဲကမှ (၆၂)ပွဲအထိ နိုင်ပွဲရထားခဲ့တာကြောင့် သူရဲ့ ပရီးမီးယားလိဂ် နိုင်ပွဲရာခိုင်နှုန်းက (၈၁.၆)% ရှိနေရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲတလျှောက် win percentage အမြင့်မားဆုံးစာရင်းရဲ့ ဒုတိယနေရာမှာပါ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

Arjen Robben is the only player who has won a greater percentage of Prem matches than Zinchenko

Photo Credit : The Sun

ပရီးမီးယားလိဂ်ရဲ့ နိုင်ပွဲရာခိုင်နှုန်း အမြင့်မားဆုံး ကစားသမားကတော့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဟောင်းကြီး အာဂျန်ရော်ဘင်ဖြစ်ပြီး (၆၇)ပွဲမှာ (၅၅)ပွဲကိုအထိ အနိုင်ရထားခဲ့တာကြောင့် သူရဲ့ win percentage က (၈၂.၁)%အထိကို ရှိနေရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတလျှောက် win percentage အမြင့်မားဆုံး ကစားသမားစာရင်းမှာ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး ကစားသမားတွေ အများဆုံး ပါဝင်နေရပြီး တတိယ စတုတ္ထ ဆဌမ သတ္တမနဲ့ အဌမနေရာတွေမှာလည်း မန်စီးတီးရဲ့ အသင်းသားတွေဖြစ်တဲ့ လာပေါ့တ် ဖိုဒန် ဘာနာဒိုဆေးလ်ဗား ဂန်ဒိုဂန်နဲ့ အီဒါဆင်တို့ အသီးသီး ရှိနေကြပါတယ်။ Highest premier league win percentage ရဲ့ ပဉ္စမနေရာမှာတော့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ကီတာက ရပ်တည်နေပြီး ဒီ top ten list ထဲမှာ နဝမမြောက်နေရာကို ရရှိခဲ့တဲ့ ဂါဘရီရယ်ဂျေဇူးဟာလည်း ဒီနွေဈေးကွက်မှာပဲ အာဆင်နယ်ဆီ ပြောင်းရွှေ့ထားခဲ့တာဖြစ်လို့ အာဆင်နယ်အသင်းက ဈေးကွက်ထဲမှာ ပရီးမီးယားလိဂ် နိုင်ပွဲရာခိုင်နှုန်း အများဆုံး ကစားသမားနှစ်ဦးကို ခေါ်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းခေါ်ဆိုခဲ့တဲ့ ၁၉၉၃ခုနှစ်နောက်ပိုင်းမှာ အမှတ်ပေးဖလားကို (၃)ကြိမ်သာ ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းကို အခုနှစ် နွေဈေးကွက်မှ ရောက်ရှိလာခဲ့ကြတဲ့ ဇင်ချန်ကိုနဲ့ ဂျေဇူးတို့ကတော့ သူတို့ရဲ့အသင်းသစ် အာဆင်နယ်ထက်ကို ပရီးမီယားလိဂ် ဆုဖလား အရေအတွက် ပိုမို ရယူထားနိုင်ခဲ့ပြီး (၄)ကြိမ်စီ ရယူထားနိုင်ခဲ့ကြပါတယ်။