အာဆင္နယ္ ေတာင္ပံကစားသမား ေပေပကေတာ့ ဒီေန႔ည (၉း၃၀) အခ်ိန္၊ ရွက္ဖီးလ္အသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲစဥ္ မတိုင္ခင္မွာ ႐ူးေၾကာင္ေၾကာင္ အမွားေတြ ျပဳလုပ္ေနတာကို ရပ္ပစ္ရမယ္လို႔ ေျပာသြားပါတယ္။ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္၊ ေအာက္တိုဘာလက ရွက္ဖီးလ္အသင္းနဲ႔ ကစားသြားခဲ့တဲ့ ပရီးမီးယားလိဂ္ အေဝးကြင္း ပြဲစဥ္မွာ အခြင့္အေရးေကာင္းေတြ ရရွိခဲ့ေပမဲ့ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ (၁-ဝ) နဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။

Photo Credit: Goal

အာဆင္နယ္အသင္းဟာ (၂၀၁၉) ခုႏွစ္မွာ နည္းျပ အေျပာင္းအလဲေတြကို ျပဳလုပ္ခဲ့ရာမွာေတာ့ နည္းျပ အမ္မရီကို ထုတ္ပစ္ၿပီး နည္းျပ ယြန္းဘတ္ကို ခန႔္အပ္ခဲ့ေပမဲ့ ရလဒ္ဆိုး႐ြားခဲ့တာေၾကာင့္ နည္းျပ အာတီတာကို ခန႔္အပ္ခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ နည္းျပ အာတီတာကို ခန႔္အပ္ၿပီးနာက္ ရလဒ္ေကာင္းလာခဲ့ေပမဲ့ ေနာက္တန္းအမွား နဲ႔ အဆုံးသတ္ မေသခ်ာမႈေတြ ရွိၿမဲရွိဆဲ ျဖစ္ၿပီး ေပေပက ႏိုင္ပြဲ လိုခ်င္ရင္ အမွားနည္းမွ ျဖစ္မယ္လို႔ သတိေပးသြားတာ ျဖစ္ပါတယ္။

Photo Credit: Goal

ေပေပက “ဒီပြဲစဥ္က ခက္ခဲမယ့္ ပြဲစဥ္ပါပဲ။ ဒါေပမဲ့ အႏိုင္မရႏိုင္တာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ အသင္းရဲ႕ အဓိက အာ႐ုံက ရွက္ဖီးလ္အသင္းနဲ႔ ကစားမယ့္ အိမ္ကြင္း ပြဲစဥ္မွာ အႏိုင္ ရႏိုင္ဖို႔ပါ။ ၿခဳံငုံၿပီး ေျပာရမယ္ ဆိုရင္ ကြၽန္ေတာ္တို႔အသင္း ရမွတ္ေတြ ဆုံးရႈံးေနတာ နဲ႔ ႐ူးေၾကာင္ေၾကာင္ အမွားေတြ လုပ္ေနတာကို ရပ္ပစ္ရပါမယ္။ ကစားသမားေတြ အားလုံးက အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကပါဘူး။ ဒါေပမဲ့ သြင္းဂိုးေတြ ေရာက္လာမွာပါ”လို႔ ေျပာသြားတာ ျဖစ္ပါတယ္။

{Unicode}

အာဆင်နယ် တောင်ပံကစားသမား ပေပေကတော့ ဒီနေ့ည (၉း၃၀) အချိန်၊ ရှက်ဖီးလ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် မတိုင်ခင်မှာ ရူးကြောင်ကြောင် အမှားတွေ ပြုလုပ်နေတာကို ရပ်ပစ်ရမယ်လို့ ပြောသွားပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလက ရှက်ဖီးလ်အသင်းနဲ့ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာကြောင့် (၁-ဝ) နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ (၂၀၁၉) ခုနှစ်မှာ နည်းပြ အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ရာမှာတော့ နည်းပြ အမ်မရီကို ထုတ်ပစ်ပြီး နည်းပြ ယွန်းဘတ်ကို ခန့်အပ်ခဲ့ပေမဲ့ ရလဒ်ဆိုးရွားခဲ့တာကြောင့် နည်းပြ အာတီတာကို ခန့်အပ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာကို ခန့်အပ်ပြီးနာက် ရလဒ်ကောင်းလာခဲ့ပေမဲ့ နောက်တန်းအမှား နဲ့ အဆုံးသတ် မသေချာမှုတွေ ရှိမြဲရှိဆဲ ဖြစ်ပြီး ပေပေက နိုင်ပွဲ လိုချင်ရင် အမှားနည်းမှ ဖြစ်မယ်လို့ သတိပေးသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

ပေပေက “ဒီပွဲစဉ်က ခက်ခဲမယ့် ပွဲစဉ်ပါပဲ။ ဒါပေမဲ့ အနိုင်မရနိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းရဲ့ အဓိက အာရုံက ရှက်ဖီးလ်အသင်းနဲ့ ကစားမယ့် အိမ်ကွင်း ပွဲစဉ်မှာ အနိုင် ရနိုင်ဖို့ပါ။ ခြုံငုံပြီး ပြောရမယ် ဆိုရင် ကျွန်တော်တို့အသင်း ရမှတ်တွေ ဆုံးရှုံးနေတာ နဲ့ ရူးကြောင်ကြောင် အမှားတွေ လုပ်နေတာကို ရပ်ပစ်ရပါမယ်။ ကစားသမားတွေ အားလုံးက အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ သွင်းဂိုးတွေ ရောက်လာမှာပါ”လို့ ပြောသွားတာ ဖြစ်ပါတယ်။