MySport Myanmar

ချယ်လ်ဆီး ကြယ်ပွင့်ဟောင်း ဟာဇက်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အာဆင်နယ် ပစ်မှတ်ထားနေ

လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ်ကစားသမားများစွာနဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့အပြင် လက်ရှိမှာလည်း သူတို့ရဲ့ လန်ဒန်မြို့ခံကလပ် ချယ်လ်ဆီးအသင်းရဲ့ ထိပ်တန်းကစားသမားဟောင်း အီဒင်ဟာဇက်နဲ့ပါ အံ့အားသင့်ဖွယ်ရာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ကစားသမားရဲ့အေးဂျင့်နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။

 

အသက်(၃၁)နှစ်အရွှယ် ဘယ်လ်ဂျီယံလက်ရွေးစင် အီဒင်ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ခဲ့စဉ်တုန်းက ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ခံစစ်ကစားသမားတွေ အကြောက်ရဆုံး တိုက်စစ်ကစားသမားတစ်ဦး ဖြစ်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာရော ကမ္ဘာ့ဘောလုံးနယ်ပယ်မှာပါ အလွန်တောက်ပလာခဲ့တဲ့ ဟာဇက်က ၂၀၁၉ခုနှစ်အရောက်မှာပဲ ချယ်လ်ဆီးအသင်းကနေ သူရဲ့ စိတ်ကူးအိမ်မက်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပေါင်(၈၉)သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီအချိန်ကတည်းက သူရဲ့ကစားသမားဘဝပါ တဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတယ်။

Photo Credit :

တကယ့်ကို world class ကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ဟာဇက်ဟာ ရော်နယ်လ်ဒိုရဲ့နေရာကို ဝင်ရောက်လာခဲ့သူအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း သူရဲ့မကြာခဏ ဒဏ်ရာရရှိမှုနဲ့ ကြံခိုင်မှု ပြသာနာတွေကြောင့် မက်ဒရစ်မှာ ထင်တိုင်းမပေါက်ခဲ့ရပဲ လက်ရှိအအချိန်ထိ အသင်းအတွက် ပွဲပေါင်း (၆၅)ပွဲမှာ (၆)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ မက်ဒရစ်မြေမှာ ခက်ခဲရုန်းကန်နေခဲ့ရတဲ့ ဟာဇက်ကို သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအပါအဝင် နယူးကာဆယ်တို့လို ကလပ်အသင်းတွေက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်ချင်နေကြပြီး အခုလည်း ချယ်လ်ဆီးရဲ့ မြို့ခံအသင်း အာဆင်နယ်ကပါ ဟာဇက်ကို ခေါ်ယူသွားဖို့ အံ့အားသင့်ဖွယ် စီစဉ်လာခဲ့ပြီး အခုသီတင်းပတ်အတွင်းမှာပဲ အာဆင်နယ်အသင်းနဲ့ ဟာဇက်ရဲ့အေးဂျင့်တို့ကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ Foot Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ အာဆင်နယ်နည်းပြ အာတီတာဟာ ဟာဇက်ကို ကနဦး တစ်ရာသီအငှားစာချုပ် အငှားသက်တမ်း ပြည့်မြောက်သွားချိန်မှာ အပြီးသတ်ခေါ်ယူခွင့်ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Exit mobile version