MySport Myanmar

လာမယ့်နွေမှာ ဂါဘရီရယ်ကို ရောင်းထုတ်သွားဖွယ် ရှိနိုင်တဲ့ အာဆင်နယ်အသင်း

Soccer Football - Premier League - Chelsea v Arsenal - Stamford Bridge, London, Britain - April 20, 2022 Arsenal's Gabriel REUTERS/David Klein EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or 'live' services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details.

ဗြိတိန်ရဲ့ နာမည်ကျော်သတင်းမီဒီယာကြီး Daily Mirror ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အသင်းရဲ့ အဓိက နောက်ခံကစားသမားဖြစ်သူ ဂါဘရီရယ်ကို အသင်းကနေ ရောင်းချသွားဖို့ စဉ်းစားလာနိုင်ဖွယ် ရှိနေပြီး ဂါဘရီရယ်ကိုလည်း စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းက အရခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Pain in the Arsenal

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဂါဘရီရယ်ဟာ အာဆင်နယ်ရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်ပြီး ဘင်ဝှိုက်နဲ့ တွဲဖက်ကာ အာဆင်နယ်ရဲ့ ခံစစ်တန်းမှာ ပွဲစဉ်များစွာ ပါဝင်ထားခဲ့သူ ဖြစ်ပါတယ်။ လိုင်လီကစားသမားဟောင်း ဂါဘရီရယ်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်ကျန်ရှိနေသေးတာဖြစ်သလို အသင်းရဲ့ main player တစ်ဦးလည်း ဖြစ်နေပေမယ့် အာဆင်နယ်နည်းပြ အာတီတာက ဂါဘရီရယ်အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် အသင်းက ရောင်းထုတ်သွားဖို့ ရှိနေသလို သူရဲ့နေရာမှာလည်း အူဒီးနီးစ်အသင်းရဲ့ အာဂျင်တီးနား ခံစစ်ကစားသမား မိုလင်နာနဲ့ပါ ပြန်လည်အစားထိုးသွားဖို့ ချိန်ရွှယ်နေပါတယ်။

Photo Credit : Forbes

ပရီးမီးယားလိဂ်မှာ (၂)ရာသီထိ ကျင်လည်ထားခဲ့ဖူးတဲ့ ဂါဘရီရယ်ကို လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြပြီး အသင်းရဲ့ ဝါရင့်နောက်ခံလူကြီး ချီလီနီကို လက်လွတ်သွားရတော့မယ့် ဂျုဗင်တပ်စ်အသင်းက ဂါဘရီရယ်ကို အသေအချာ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အာဆင်နယ်အသင်းက သူတို့ရဲ့ အဓိက နောက်ခံလူ ဂါဘရီရယ်ကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားခဲ့ပေမယ့်လည်း ဂါဘရီရယ်ကို အလိုရှိ်တဲ့ ကလပ်အသင်းတွေဘက်က ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေမှာ စိတ်ကျေနပ်စရာ ကမ်းလှမ်းမှုတွေ ပါလာခဲ့မယ်ဆိုရင်တော့ ဂါဘရီရယ်ကို ရောင်းထုတ်သွားနိုင်တယ်လို့ သိရပါတယ်။ ဂျုဗင်တပ်စ်အသင်းကတော့ ဂါဘရီရယ်အတွက် ပြောင်းရွှေ့ကြေးတချို့အပြင် အာဆင်နယ်ဘက်က ခေါ်ယူချင်နေတဲ့ ကွင်းလယ်လူ အာသာကိုပါ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းဖွယ် ရှိနိုင်တာကြောင့် ဒီကမ်းလှမ်းချက်ကို အာဆင်နယ်ဘက်ကနေ လက်ခံသွားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရပါလိမ့်မယ်။

Exit mobile version