MySport Myanmar

ဆာနေးကို ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းကြီးတစ်ခု ပြုလုပ်လာနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် လာမယ့် အပြောင်းအရွှေ့ဈေးကွက်တွေအတွင်း ကြီးကြီးမားမား ကမ်းလှမ်းမှုတစ်ခုကို လုပ်ဆောင်သွားဖို့ လိုအပ်နေတယ်လို့ အပြောင်းအရွှေ့ဆိုင်ရာ အကျော်အမော် ဖာဘရီဇီယိုရိုမာနိုက သုံးသပ်ထားပြီး အာဆင်နယ်ဘက်ကလည်း ဆာနေးကို အရ ခေါ်ယူနိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းလာဖွယ်လည်း ရှိနေပါတယ်။

Photo Credit : TEAMtalk

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာက ရပ်တည်နေပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်ဖို့ အခြေအနေကောင်းနေချိန်မှာ ဒီအခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက်နဲ့ အသင်းက အမြင့်မားဆုံး အဆင့်တစ်ခုမှာ အမြဲတမ်း ရှိနေဖို့အတွက် အသင်းဆီ ထိပ်တန်းကစားသမားတွေ ဖြည့်တင်းသွားချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်သူ လီရွိုင်းဆာနေးကို အာဆင်နယ်က အလိုရှိနေပြီး ဒီတောင်ပံကစားသမားက ဘိုင်ယန်မြူးနစ်ရဲ့ main player တစ်ဦး ဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ အတော်လေး ခက်ခက်ခဲခဲ ကမ်းလှမ်းရနိုင်ပါတယ်။

Photo Credit : Daily Express

အသက်(၂၆)နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ဆာနေးဟာ ၂၀၁၄ခုနှစ်မှာပဲ ဂျာမန်ကလပ် ရှော်ကေးအသင်းမှာ စီနီယာကစားသမားဘဝကို စတင်ခဲ့ပြီး (၂)နှစ်အကြာမှာတော့ မန်ချက်စတာစီးတီးအသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ (၃)ရာသီ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ဂျာမနီမြေဆီ ပြန်ရဖို့ အကြောင်းဖန်လာခဲ့ပြီး ၂၀၂၀ခုနှစ်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လက်တွဲြ့ဖစ်ခဲ့ပါတယ်။ လက်ရှိမှာ ဘိုင်ယန်အတွက် နှစ်ရာသီဝက်အတွင်း ပွဲပေါင်း(၁၀၈)ပွဲအထိ ကစားထားနိုင်ခဲ့တဲ့ ဆာနေးဟာ ဘိုင်ယန်နဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပြီး ဘယ်တောင်ပံရော ညာတောင်ပံပါ ကစားနိုင်သလို ကွင်းလယ်တိုက်စစ်နေရာပါ ကစားနိုင်တဲ့ ဆာနေးကို အာဆင်နယ်က အလိုရှိလာခဲ့ပါတယ်။ အာဆင်နယ်ဟာ တောင်ပံတိုက်စစ်နေရာအတွက် ဆာနေးအပြင် ရှက်တာဒိုးနက်အသင်းရဲ့ ယူကရိန်း winger မူဒရစ်ကိုလည်း ပစ်မှတ်ထားလို့နေပြီး လက်ရှိမှာလည်း အသင်းရဲ့ key player ဂါဘရီရယ်ဂျေဇူးပါ ဒူးဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရဦးမှာဖြစ်လို့ တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ အားဖြည့်ရဖို့ လိုအပ်နေပါတယ်။

Exit mobile version