MySport Myanmar

ရိုက်စ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို လုပ်ဆောင်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းကတော့ ဒီနွေဈေးကွက်မှာ အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်သူ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံ လုပ်ဆောင်လိုက်ပြီဖြစ်ပြီး ဒီကမ်းလှမ်းမှုကိုလည်း ဝက်စ်ဟမ်းဘက်က ပယ်ချသွားဖွယ်သာ ရှိနေပါတယ်။

Photo Credit : The Sun

အာဆင်နယ်က အင်္ဂလန် ကွင်းလယ်ကစားသမား ရိုက်စ်အတွက် ပေါင် သန်း(၉၀)တန်ကြေးရှိတဲ့ package တစ်ခုနဲ့ ထပ်မံ ကမ်းလှမ်းလာတာဖြစ်ပြီး လက်ငင်းငွေသား ပေးချေမှုအဖြစ် ပေါင် (၇၅)သန်းနဲ့ add-ons ကြေးအဖြစ် ပေါင် (၁၅)သန်းနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်ကို ကမ်းလှမ်းချက်ကို ဝက်စ်ဟမ်းဘက်က ထပ်မံ ပယ်ချသွားဖို့ ရှိနေတယ် ဆိုပေမယ့်လည်း အခု အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကတော့ ဝက်စ်ဟမ်း လက်ခံနိုင်လောက်တဲ့ ပမာဏမျိုး ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဒေးဗစ်အော်စတိန်းက ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Sky Sports

အာဆင်နယ်က ရိုက်စ်အတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင် သန်း(၈၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပေမယ့် ပယ်ချခဲ့ခံရလို့ အခုလို second bid ကို ထပ်မံ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် ဝက်စ်ဟမ်းဘက်ကတော့ သူတို့ ကစားသမားကို အာဆင်နယ်နဲ့အပြိုင် ကမ်းလှမ်းလာမယ့် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကိုပါ ဆက်လက် စောင့်ဆိုင်းသွားချင်နေတာကြောင့် အာဆင်နယ်ရဲ့ ဒီ ဒုတိယ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဆင်နယ်ဟာ ဒက်ကလန်ရိုက်စ်အပြင် ကိုင်ဟာဗက်ဇ် ရိုမီရိုလာဗီယာ နဲ့ ဂျူလီယန်တင်ဘာတို့ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။

Exit mobile version