ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ဘန်လေအသင်းကို အဝေးကွင်းမှာ သရေကျခဲ့ပြီးနောက်မှာ နှစ်ပေါင်း၁၀၀ကျော် ကာလအတွင်း ရမှတ်အနည်းဆုံးရာသီဆိုတဲ့ စံချိန်ဆိုး တစ်ခုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Metro.com

ဘန်လေအသင်းကို အဝေးကွင်းမှာ သရေကျဖို့အတွက် အာဆင်နယ်အသင်းဟာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး အဆိုပါပွဲမှာ အသင်းရဲ့နောက်ခံလူ မူစတာဖီ ၊ ဂိုးသမား လီနို ၊ ကွင်းလယ်လူ ချာကာတို့ ခြေစွမ်းပြနိုင်ခဲ့လို့သာ အာဆင်နယ်ဟာ သက်သာရာရခဲ့တာပါ။ အဆိုပါသရေပွဲကြောင့် အာဆင်နယ်အသင်းရဲ့ လက်ရှိပရီးမီးယားလိဂ် သရေပွဲဟာ ၁၃ပွဲအထိ ရှိလာခဲ့ပြီး နိုင်ပွဲဟာလဲ ၆ပွဲသာ ရှိခဲ့ပါတယ်။

Photo Credit: Metro.com

ဒါ့ကြောင့် အာဆင်နယ်အသင်းဟာ ၂၅ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၁မှတ်သာ စုဆောင်းရရှိခဲ့ပြီး ဒါဟာ ၁၉၁၂-၁၉၁၃ ဘောလုံးရာသီ ပြီးတဲ့နောက် ရမှတ်စုဆောင်းမှုအနည်းဆုံး ရာသီ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ နှစ်အရတွက်ကြည့်မယ် ဆိုရင် ၁၀၇နှစ်အတွင်းမှာ အနိမ့်ဆုံးစံချိန်ကို ရရှိခဲ့တာဖြစ်ပြီး နည်းပြ အာတီတာတစ်ယောက် ရမှတ်တွေ ထပ်မဆုံးရှုံးစေရဖို့အတွက် ဘာတွေ လုပ်ပြဦးမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။