လက္ရွိေဘာလုံးရာသီမွာ ဒဏ္ရာျပႆနာေတြေၾကာင့္ ေနာက္တန္း အားနည္းခ်က္ေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ အာဆင္နယ္အသင္းဟာ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီရဲ့ ဘယ္ေနာက္ခံလူ ကာဇာဝါကို ရာသီဝက္အငွားနဲ႔ ေခၚယူနိုင္ဖို႔ နီးကပ္ေနေၾကာင္း ျပင္သစ္သတင္းစာေတြနဲ႔ အဂၤလန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Football London.com

အာဆင္နယ္အသင္းဟာ ဘယ္ေနာက္ခံလူ ေနရာအတြက္ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕မွာ ဆဲလ္တစ္အသင္းက တီယာေနးကို ေခၚယူထားခဲ့ေပမယ့္ တီယာေနးဟာ လက္ရွိမွာ ျပင္းထန္တဲ့ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ေနရသလို အသင္းမွာ ရွိေနတဲ့ ကိုလာစီနက္ဟာလည္း ဒဏ္ရာတခ်ိဳ႕ေၾကာင့္ အနားယူေနရပါတယ္။

Photo Credit: Football London.com

ဒါ့ေၾကာင့္လည္း အာဆင္နယ္အသင္းဟာ ကာဇာဝါကို ေခၚယူဖို႔အတြက္ ကမ္းလွမ္းခဲ့တာ ျဖစ္ၿပီး ကာဇာဝါအေနနဲ႔လည္း ပီအက္စ္ဂ်ီထံမွ ထြက္ခြာခြင့္ရဖို႔ အသင္းထံ ေတာင္းဆိုထားတာေၾကာင့္ အေျပာင္းအေရႊ႕ဟာ လ်င္ျမန္စြာ ျဖစ္ေပၚလာဖို႔ရွိေနပါတယ္။ ျပင္သစ္သတင္းစာေတြရဲ့ အဆိုအရ ပီအက္စ္ဂ်ီအသင္းဟာ ကာဇာဝါကို ေရာင္းခ်လိုခဲ့ေပမယ့္ အာဆင္နယ္အသင္းရဲ့ ဘဏၰာေရးအေျခအေနေၾကာင့္ အငွားနဲ႔သာ ကနဦး ေစလႊတ္ရဖြယ္ရွိေနတာပါ။

Photo Credit: Football London.com

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕မွာ တီယာေနး ၊ ေဒးဗစ္လူးဝစ္ ၊ ေပေပ ၊ ဆာလီဘာ ၊ မာတီနယ္လီ စတဲ့ ကစားသမားေတြကို ေျပာင္းေရႊ႕ေၾကး ေပါင္၁၃၀သန္း နီးပါး အသုံးျပဳကာ ေခၚယူထားခဲ့တာေၾကာင့္ ယခု အေျပာင္းအေရႊ႕မွာ ကစားသမားသစ္ကို အၿပီးသတ္ေခၚယူနိုင္ဖို႔ မရွိေတာ့ပဲ အငွားနဲ႔သာ ကစားသမား ေခၚယူမွာျဖစ္တယ္လို႔ နီးစပ္သူေတြက ဆိုထားၾကပါတယ္။

လက်ရှိဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် နောက်တန်း အားနည်းချက်တွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီရဲ့ ဘယ်နောက်ခံလူ ကာဇာဝါကို ရာသီဝက်အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးကပ်နေကြောင်း ပြင်သစ်သတင်းစာတွေနဲ့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Football London.com

 

အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံလူ နေရာအတွက် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဆဲလ်တစ်အသင်းက တီယာနေးကို ခေါ်ယူထားခဲ့ပေမယ့် တီယာနေးဟာ လက်ရှိမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရသလို အသင်းမှာ ရှိနေတဲ့ ကိုလာစီနက်ဟာလည်း ဒဏ်ရာတချို့ကြောင့် အနားယူနေရပါတယ်။

Photo Credit: Football London.com

ဒါ့ကြောင့်လည်း အာဆင်နယ်အသင်းဟာ ကာဇာဝါကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ကာဇာဝါအနေနဲ့လည်း ပီအက်စ်ဂျီထံမှ ထွက်ခွာခွင့်ရဖို့ အသင်းထံ တောင်းဆိုထားတာကြောင့် အပြောင်းအရွှေ့ဟာ လျင်မြန်စွာ ဖြစ်ပေါ်လာဖို့ရှိနေပါတယ်။ ပြင်သစ်သတင်းစာတွေရဲ့ အဆိုအရ ပီအက်စ်ဂျီအသင်းဟာ ကာဇာဝါကို ရောင်းချလိုခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေကြောင့် အငှားနဲ့သာ ကနဦး စေလွှတ်ရဖွယ်ရှိနေတာပါ။

Photo Credit: Football London.com

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တီယာနေး ၊ ဒေးဗစ်လူးဝစ် ၊ ပေပေ ၊ ဆာလီဘာ ၊ မာတီနယ်လီ စတဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေး ပေါင်၁၃၀သန်း နီးပါး အသုံးပြုကာ ခေါ်ယူထားခဲ့တာကြောင့် ယခု အပြောင်းအရွှေ့မှာ ကစားသမားသစ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ မရှိတော့ပဲ အငှားနဲ့သာ ကစားသမား ခေါ်ယူမှာဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုထားကြပါတယ်။