ယခင်တုန်းက အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးသလို် ပရီးမီးယားလိဂ်ပြိ်ုင်ပွဲ သမိုင်းတလျှောက် အကောင်းဆုံးသော အသင်းခေါင်းဆောင်တွေထဲမှာတောင် ပါဝင်လို့နေပြီး လက်ရှိမှာလည်း ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းမှာ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်နေတဲ့ ပက်ထရစ်ဗီအာရာက သူ့အနေနဲ့ ကစားသမားတတစ်ဦးအဖြစ် ကျင်လည်နေစဉ်အတွင်း သူရဲ့အသင်းဟောင်း အာဆင်နယ်ရဲ့ အခါးသီးဆုံး မြို့ခံပြိုင်ဘက် စပါးအသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ အသက်(၄၅)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ပြင်သစ်ကစားသမားဟောင်းကြီး ဗီအာရာဟာ အာဆင်နယ်အသင်းမှာ အတော်လေးကို အောင်မြင်ခဲ့သူဖြစ်ပြီး အသင်းနဲ့လည်း ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာပါ အသင်းနဲ့အတူ ရှုံးပွဲမရှိ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၂၀၀၅ခုနှစ်မှာတော့ ဗီအာရာက အီတလီဘက်ကို ပြောင်းရွှေ့ခဲ့ပြီး ဂျုဗင်တပ်စ် အင်တာမီလန်အသင်းတွေမှာ ဆက်တိုက်ကစားခဲ့ပြီးနောက် ၂၀၀၉ခုနှစ်မှာတော့ သူရဲ့အသင်းဟောင်း အာဆင်နယ်ရဲ့ အခါးသီးဆုံးသော မြို့ခံအသင်း စပါးက ဗီအာရာကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး အဆုံးသတ်မှာတော့ ပြောင်းရွှေ့ဖို့ မဖြစ်လာနိုင်ခဲ့ဘူးလို့ ဗီအာရာကိုယ်တိုင် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Bournemouth Echo

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဗီအာရာက “ဒီကိစ္စတွေက အချိန်အားဖြင့်ဆိုရင် အရမ်းကို ကြာခဲ့ပါပြီ။ ကျွန်တော် သိပ်တောင် မမှတ်မိတော့ဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တကျော့ပြန် သွားချင်နေတဲ့ စိတ်ဆန္ဒတွေ အရမ်းပြင်းပြခဲ့ချိန်ပါ။ ကျွန်တော်က ဟယ်ရီရက်နပ်(စပါးနည်းပြဟောင်းကြီး)နဲ့လည်း အတော်လေး သိကျွမ်းနေတယ်။ သူ့ကို နည်းပြတစ်ဦးအဖြစ်နဲ့လည်း လေးစားခဲ့တာပါ။ ကျွန်တော်နဲ့ သူ့ကြားမှာ ပြောဆိုဆွေးနွေးမှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော် အင်္ဂလန်ကို ပြန်လာပြီး စပါးအသင်းမှာ ပါဝင်ကစားဖိ်ု့ အခွင့်အရေး မရရှိခဲ့ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဗီအာရာဟာ စပါးအသင်းဆီကို မပြောင်းရွှေ့ဖြစ်ပေမယ့် ၂၀၁ဝမှာတော့ မန်စီးတီးအသင်းဆီ ရောက်ရှိခဲ့ပြီး အသင်းနဲ့ တစ်ရာသီအကြာ ဖြတ်သန်းပြီးနောက်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဗီအာရာဟာ သူပြောင်းရွှေ့ခွင့် မရရှိလိုက်တဲ့ စပါးအသင်းကို နည်းပြတစ်ဦးအဖြစ်နဲ့ ပြန်လည်ရင်ဆိုင်ရချိန်မှာ (၃)ဂိုးပြတ်နဲ့ကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဒီရာသီရဲ့ ပထမဆုံးသော လိဂ်နိုင်ပွဲကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။