MySport Myanmar

ဂျေဇူးနေရာ ယာယီ အစားထိုးဖို့အတွက် ကူညာကို အာဆင်နယ် ခေါ်ယူချင်နေ

အာဆင်နယ်အသင်းဟာ ဒဏ်ရာပြသာနာကြောင့် (၂)လခန့်နီးပါးလောက် အနားယူရဦးမယ့် ဂါဘရီရယ်ဂျေဇူးရဲ့ နေရာမှာ ယာယီ အစားထိုးဖို့အတွက် လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်အတွင်း အက်သလက်တီကိုမက်ဒရစ် တိုက်စစ်ကစားသမား မားသီးယပ်စ်ကူညာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Photo Credit : Football London

အာဆင်နယ်ရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဂျေဇူးဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲရင်း ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လအတန်ကြာ နားရတော့မှာဖြစ်လို့ ဒီအခြေအနေက အမှတ်ပေးဇယားထိပ်ဆုံးမှာ အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်တာကြောင့် ဆောင်းဈေးကွက်အတွင်းမှာ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ဟာ အသက်လက်တီကိုအသင်းနဲ့ လမ်းခွဲရဖွယ် ရှိနေသူ တိုက်စစ်မှူး ကူညာကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Photo Credit : Football Espana

ဂျေဇူးရဲ့နေရာမှာ အန်ခယ်တီယာနဲ့ အစားထိုးဖို့ ပြင်ဆင်ထားခဲ့ပေမယ့် အန်ခယ်တီယာရဲ့ အရည်အသွေးက အာဆင်နယ် တိုက်စစ်ကို ဦးဆောင်နိုင်ဖို့ မဖြစ်နိုင်သေးတာကြောင့် အာဆင်နယ်နည်းပြ အာတီတာက ဇန်နဝါရီအတွင်းမှာ တိုက်စစ်ပိုင်းအတွက် အားဖြည့်မှု လုပ်ဆောင်ချင်လာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်ဟာ အသက်လက်တီကိုအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ကူညာကို ခေါ်ယူဖို့ စိတ်ဝင်စားနေလို့ပြီး အသက်လက်တီကိုကလည်း ချန်ပီယံလိဂ်ကနေ ထွက်ခွာထားခဲ့ရတာဖြစ်လို့ အသင်းဘဏ္ဍာရေးပိုင်း ကျဆင်းရလာနိုင်မယ့် အခြေအနေမျိုး ရှိနေတဲ့အတွက် ကူညာ အပါအဝင် ကစားသမားတချို့ကို ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။ အသက်(၂၃)နှစ်အရွယ် ဘရာဇီးလ် တိုက်စစ်ကစားသမား ကူညာဟာ ဆွစ်ဇာလန်ကလပ် ဆီယွန်မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး လိုက်ပ်ဇစ် ဟာသာဘာလင်အသင်းတွေမှာ ကစားခဲ့ရာကနေ ၂၀၂၁ခုနှစ် နွေရာသီမှာပဲ အသက်လက်တီကိုအသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်း အသက်လက်တီကိုအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲ ပါဝင်ကစားထားခဲ့သူ ကူညာဟာ လက်ရှိအချိန်ထိတော့ အသင်းအတွက် တစ်ဂိုးမှကို မသွင်းယူထားနိုင်သေးပဲ ဂိုးဖန်တီးမှု (၂)ကြိမ်သာ လုပ်ဆောင်ထားခဲ့ပါတယ်။ ကူညာကို ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းကလည်း ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေပြီး ဆွေးနွေးမှုတွေပါ လုပ်ဆောင်ထားတာဖြစ်လို့ အာဆင်နယ်တို့ ဝုလ်ဗ်နဲ့အပြိုင် ကမ်းလှမ်းရနိုင်ပါတယ်။

Exit mobile version