MySport Myanmar

ဂျူဗီကြယ်ပွင့်လေး ယီလ်ဇစ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ထွန်းတောက်လာတဲ့ ကြယ်ပွင့်လေး ကီနန် ယီလ်ဒဇ်ကို ခေါ်ယူဖို့အတွက် ယူရိုသန်း(၆၀)နဲ့ ကစားသမားတစ်ဦး အလိုက်ပေးကမ်းလှမ်းမယ့် အကြီးအကျယ် ကြိုးပမ်းမှုတစ်ခု ပြုလုပ်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာပါတယ်။

အသက် (၂၀)အရွယ် တောင်ပံတိုက်စစ်ကစားသမားလေးဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အတွက် ခြေစွမ်းအလွန်ပြောင်မြောက်နေပြီး ကစားထားတဲ့ (၅)ပွဲမှာ (၂)ဂိုးသွင်း (၄)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒီခြေစွမ်းကြောင့်ပဲ သူဟာ ဂျူဗင်တပ်စ်ရဲ့ လုံးဝရောင်းချမှာမဟုတ်တဲ့ ကစားသမားစာရင်းရဲ့ ထိပ်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : Football Talk

အီတလီက Radio Radio သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာနဲ့ သူ့ရဲ့ကင်းထောက်အဖွဲ့ဟာ တူရကီလက်ရွေးစင်ကစားသမားလေးကို ခေါ်ယူဖို့ အရူးအမူး စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ကန့်လန့်ကာနောက်ကွယ်မှာတော့ ကနဦးဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဒီနွေရာသီမှာ အီဘီရီချီ အက်ဇေး၊ ဗစ်တာ ယော်ကယ်ရက်စ်နဲ့ နိုနီ မာဒူကေးတို့လို တိုက်စစ်ပိုင်းကစားသမားတွေကို ခေါ်ယူအားဖြည့်ထားပေမယ့် အာတီတာက သူ့ရဲ့တိုက်စစ်ပိုင်းကို တီထွင်ဖန်တီးနိုင်စွမ်းနဲ့ လူငယ်သွေးသစ်တွေ ထပ်မံဖြည့်တင်းလိုနေဆဲဖြစ်ပါတယ်။ ယီလ်ဒဇ်ရဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြေးလွှားနိုင်တဲ့ အရည်အသွေးနဲ့ ပွဲကျပ်တွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေက အာတီတာရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်နေပါတယ်။

Photo Credit : Arsenal News

အာဆင်နယ်ဘက်က ယူရို သန်း(၆၀)နဲ့အတူ လီယန်ဒရို ထရော့ဆာကို အလိုက်ပေးကမ်းလှမ်းဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ဘက်ကတော့ ယီလ်ဒဇ်ရဲ့တန်ဖိုးကို ယူရို သန်း(၈၀)နဲ့ သန်း(၁၀၀)ကြားမှာ သတ်မှတ်ထားတာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုဟာ သူတို့ရဲ့စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ။

ဂျူဗင်တပ်စ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ အီတလီထိပ်သီးကလပ်ဟာ သူတို့ရဲ့ တန်ဖိုးကြီးတဲ့ ကစားသမားလေးကို လက်လွှတ်ခံမှာမဟုတ်ဘဲ ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်ရဲ့ အနာဂတ်အစီအစဉ်မှာ ယီလ်ဒဇ် ဘယ်လောက်အရေးပါကြောင်းကို ပြသနေတာဖြစ်ပြီး အခုလိုအချိန်မှာ သူ့ကိုလက်လွှတ်လိုက်ရခြင်းက ဂျူဗင်တပ်စ်အတွက် မျိုချရခက်တဲ့ ဆေးခါးကြီးတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

Exit mobile version