ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာက လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ဟာ မန်ချက်စတာ စီးတီးဆီ ရောက်ရှိခဲ့ပြီးနောက် တိုက်စစ်မှူးကောင်း တဦး အဖြစ် သက်သေပြထားနိုင်သူ ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက ဂျီးဆပ်ရဲ့ ကစားပုံကို သဘောမကျတာကြောင့် သူ့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ဂါဘရီရယ် ဂျီးဆပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ အာတီတာက ဂျီးဆပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

လန်ဒန်မြို့ခံ အသင်းတသင်း ဖြစ်တဲ့ အာဆင်နယ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူး တဦး ဖြစ်တဲ့ ဂျီးဆပ်က သူတို့အတွက် သင့်တော်တဲ့ ရွေးချယ်မှု တခုပဲ ဖြစ်ပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဂျီးဆပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်တဲ့ Talent Sports အေဂျင်စီနဲ့ ချိတ်ဆက်မှုတွေပါ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဂျီးဆပ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဂျီးဆပ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း သတ်မှတ်ထားကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။