MySport Myanmar

တိုက်စစ်ပိုင်းအတွက် ဆက်စ်ကို ကို ခေါ်ယူသွားဖို့ စတင် ဆွေးနွေးနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းကတော့ အသင်းမှာ မဖြစ်မနေ လိုအပ်နေတဲ့ တိုက်စစ်ပိုင်းနေရာအတွက် အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်သူ ဘင်ဂျမင် ဆက်စ်ကို ကို ဒီဆောင်းရာသီ ဈေးကွက်အတွင်းမှာပဲ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်က ဒီနွေမှာ ကစားသမား ခေါ်ယူမှု လုပ်ဆောင်ခဲ့ရာမှာ တိုက်စစ်ပိုင်းအတွက် ရာဟင် စတားလင်းကို ချယ်လ်ဆီးကနေ အငှားနဲ့ ခေါ်ယူခဲ့ပေမယ့် ဒီအပြောင်းအရွှေ့က အသင်းအတွက် ထိရောက်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်မလာတဲ့အပြင် လက်ရှိမှာလည်း အသင်းက အထောင်တိုက်စစ်နေရာမှာပါ ကစားသမား လိုအပ်မှု ဖြစ်လာခဲ့ပါတယ်။

Photo Credit : Reuters

အာဆင်နယ်ရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဂါဘရီရယ်လ် ဂျေဇူးတို့က ဒဏ်ရာ ပြဿနာတွေကြောင့် ကာလအတန်ကြာ အနားယူနေရတာဖြစ်လို့ အခု ဈေးကွက်အတွင်းမှာပဲ တိုက်စစ်မှူးတစ်ဦးလောက် မဖြစ်မနေ ခေါ်ယူဖြည့်တင်းဖို့ လိုအပ်နေပြီး နည်းပြအာတီတာကလည်း အခု ဆောင်းဈေးကွက်မှာ တိုက်စစ်မှူး ခေါ်ယူရမယ်လို့ ပြောဆိုထားခဲ့ပါတယ်။

လတ်တလောမှာ အာဆင်နယ်က တိုက်စစ်ကစားသမား အမြောက်အများနဲ့ သတင်းတွေ တောက်လျှောက် သတင်းထွက်လို့နေပြီး အခုတော့ အာဆင်နယ်က နွေတုန်းက သူတို့ အမှန်အကန် အလိုရှိနေတဲ့ ဆလိုဗေးနီးယား တိုက်စစ်မှူး ဆက်စ်ကိုနဲ့ပါ အပြောင်းအရွှေ့ သတင်းတွေ ခပ်လှုပ်လှုပ် ထွက်ပေါ်လာပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွယ် လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကိုဟာ ၂၀၂၄ နွေရာသီတုန်းက ကလပ်အသင်းတွေရဲ့ ပစ်မှတ်အဖြစ် စိတ်ဝင်စားခံခဲ့ရသလို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့လည်း နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆက်စ်ကိုကိုယ်တိုင် ဆုံးဖြတ်ချက် ပြောင်းခဲ့ပြီး လိုက်ပ်ဇစ်အသင်းနဲ့ပဲ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပါတယ်။

အခုတော့ အာဆင်နယ်က သူတို့နွေတုန်းက မခေါ်ယူလိုက်နိုင်ခဲ့တဲ့ ဆက်စ်ကို ကို ထပ်မံ ကမ်းလှမ်းမှုတစ်ခု လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပြီး အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းသွားဖို့ ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီ ဖြစ်သလို လိုက်ပ်ဇစ်ဘက်ကတော့ အပြီးသတ်သာ ရောင်းချင်နေပေမယ့် အငှားကိုမှ မဖြစ်မနေ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းမယ်ဆိုရင်တောင် လက်ခံပေးသွားဖို့ ရှိနေပါတယ်။

Exit mobile version