MySport Myanmar

စပိန် ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းကတော့ သူတို့အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ ဆိုစီဒက်က စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို အသင်းဆီ ခေါ်ယူသွားဖို့ ချက်ချင်းဆိုသလို ကြိုးပမ်းလာခဲ့ပြီး ဆွေးနွေးမှုတွေလည်း အသေအချာ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အထောင်တိုက်စစ် ကစားသမားတစ်ဦး ခေါ်ယူသွားဖို့ မဖြစ်မနေ လိုအပ်နေတဲ့ အာဆင်နယ်က အခုတော့ တိုက်စစ်မှူးထက် အသင်းကနေ ထွက်ခွာကြတောမယ့် သောမတ်စ် ပါတေးနဲ့ ဂျော်ဂျင်ဟိုတို့လို ကွင်းလယ်ကစားသမားတွေ နေရာအတွက် ဇူဘီမန်ဒီကို ကြိုးပမ်းလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Transfermarket

အာဆင်နယ်ဟာ နွေမှာတုန်းက ဆိုစီဒက်ကနေ ကွင်းလယ်လူ မယ်ရီနိုကို အသင်းဆီ မခေါ်ယူခင် မယ်ရီနိုရဲ့ အသင်းဖော် ဇူဘီမန်ဒီကိုပါ တစ်ပါတည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးတာလည်း ဖြစ်သလို ဇူဘီမန်ဒီဟာလည်း လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ပါ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ခဲ့ပါသေးတယ်။

ဒီလို အခြေအနေမှာပါ ဇူဘီမန်ဒီက ဆိုစီဒက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အခု ဆောင်းဈေးကွက်မှာတော့ ဇူဘီမန်ဒီဟာ သူ့ကို မန်စီးတီး ရီးယဲလ် လီဗာပူးလ်တို့ကပါ အပြိုင် စိတ်ဝင်စားနေပြီး အခုဆိုရင် အာဆင်နယ်ကပါ ခေါ်ယူဖို့ ကြိုးပမ်းလာချိန်မှာတော့ ဇူဘီမန်ဒီက ဆိုစီဒက်ကနေ ထွက်ခွာဖို့ ဆန္ဒရှိလာပါတော့တယ်။

Photo Credit : Sportcasting

ဇူဘီမန်ဒီနဲ့ ဆိုစီဒက်အသင်းတို့ကြားမှာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း(၆၀)အထိ သတ်မှတ်ထားတာဖြစ်ပြီး သူ့ကို ခေါ်ယူချင်တဲ့ အသင်းအနေနဲ့ ဒီစာချုပ်ဖျက်သိမ်းကြေးကိုသာ ပေးချေနိုင်မယ်ဆိုရင် ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ကိုသာ ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ အာဆင်နယ်က ဇူဘီမန်ဒီရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း(၆၀) ပေါင်(၅၁)သန်းကို ပေးချေသွားမှာဖြစ်ပြီး ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာ အခြေအနေကောင်းနေတာကြောင့် အပြောင်းအရွှေ့က မကြာခင် အပြီးသတ်နိုင်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ဖြစ်ခဲ့ရင်တောင် ဇူဘီမန်ဒီက လာမယ့် ၂၀၂၅ နွေမှသာ အာဆင်နယ်နဲ့ စတင် ပူးပေါင်းနိုင်မှာပဲ ဖြစ်ပါတယ်။

Exit mobile version