တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေတဲ့ အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဖီအိုရင်တီးနား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ဟာ သူ့ကို အမှန်အကန် အလိုရှိနေတဲ့ အာဆင်နယ်အသင်းထက် စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဆီကိုသာ ပြောင်းရွှေ့ဖို့က သေချာသလောက်ကို ရှိနေတယ်လို့ အီတလီ နာမည်ကျော် ဂျာနယ်လစ်တစ်ဦးကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွယ်ရှိ ဆာဘီးယား လက်ရွေးစင် တိုက်စစ်ကြယ်ပွင့် ကစားသမား ဗလာဟိုဗစ်ဟာ ဒီရာသီ စီးရီးအေမှာ အတော်လေးကို တောက်ပလို့နေပြီး အသင်းအတွက် လိဂ်ပွဲ(၂၁)ပွဲမှာ စုစုပေါင်း သွင်းဂိုး(၁၇)ဂိုးထိ သွင်းယူထားကာ ဒီရာသီ စီးရီးအေရဲ့ သွင်းဂိုးအများဆုံးအဖြစ် အီမိုဘီလီနဲ့ ပူးတွဲရပ်တည်နေပါတယ်။ ဒီလို တိုက်စစ်အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဗလာဟိုဗစ်ကို အာဆင်နယ်အသင်းကနေ အလိုရှိပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အခြေအနေတွေက တိုးတတ်မလာတဲ့အပြင် ကစားသမားကိုယ်တိုင်ကပါ ဂျုဗင်တပ်စ်အသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် အာဆင်နယ်အတွက် ပိုမိုခက်ခဲရနိုင်ပါတယ်။

Photo Credit : Daily Mail

ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားသွားခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ ဂျီနိုအာအသင်းတို့ရဲ့ စီးရီးအေ ပွဲစဥ်အတွင်းမှာ ဗလာဟိုဗစ်က အသင်းအတွက် ဂိုးသွင်းပြီးနောက် ပရိသတ်ကို လက်ပြနှုတ်ဆက်တဲ့ ပုံစံမျိုး ပြုလုပ်ခဲ့တာကြောင့် ဗလာဟိုဗစ်နဲ့ သတင်းအထွက်ဆုံး ဖြစ်နေရတဲ့ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေ စိတ်လှုပ်ရှားခဲ့ရပေမယ့် အီတလီ ဂျာနယ်လစ်ရဲ့ ထုတ်ဖော်ပြောဆိုမှုကြောင့် စိတ်ပျက်သွားခဲ့ရပါတယ်။ အီတလီလူမျိုး ဂျာနယ်လစ်က အာဆင်နယ်ပစ်မှတ် ဗလာဟိုဗစ်က လွန်ခဲ့တဲ့ အောက်တိုဘာလကတည်း ဂျုဗင်တပ်စ်အသင်းနဲ့ အကြိုသဘောတူညီမှု ရယူထားတာဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာရင်လည်း ဗလာဟိုဗစ်ရဲ့ အေးဂျင့်ကို အေးဂျင့်ခ တစ်ပုံတစ်ပင်ကြီး ပေးသွားမှာဖြစ်သလို ဂျုဗင်တပ်စ်ဘက်ကလည်း ဗလာဟိုဗစ်အတွက်ကိုသာ ငွေကြေးသုံးစွဲမှု ကြီးကြီးမားမား လုပ်ဆောင်သွားဖို့ ရှိနေတာကြောင့် ဗလာဟိုဗစ်အနေနဲ့ ဒီရာသီမှာ ဂျုဗင်တပ်စ်အသင်း Top 4 မဝင်လို့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင်တောင် ဂျုဗီကိုသာ ရွေးချယ်လိမ့်မယ်လို့ အတိအလင်း ဖော်ပြသွားခဲ့ပါတယ်။