MySport Myanmar

ဂျီးဆပ်ကို မန်စီးတီးမှာ ရနေတဲ့ လစာထက် ၂ဆ ပိုပေးမယ် ဆိုတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်တဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဂျီးဆပ် တယောက် မန်ချက်စတာ စီးတီးမှာ ရနေတဲ့ လုပ်ခလစာထက် ၂ဆ ပိုပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက် တရပ် ပြုလုပ်ထားကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အာဆင်နယ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တဦးနဲ့ အရန် တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

Photo Credit: Daily Star

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က ၂၀၁၇ခုနှစ်မှာ ဘရာဇီးလ်ကလပ် ပါးမီးရက်စ်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ စီးတီးဆီ ရောက်ရှိလာပြီးနောက် ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ကြောင်း သက်သေပြထားသူပါ။

ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ နည်းပြ ဂွာဒီယိုလာက ဂျီးဆပ်ရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် တိုက်စစ်မှူးသစ်တွေ ဖြစ်တဲ့ အာလင်း ဟာလန်းနဲ့ အယ်ဗာရက်တို့ကို ခေါ်ယူထားပြီး လာမယ့် နွေဈေးကွက်မှာ ဂျီးဆပ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Daily Star

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က ဂျီးဆပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးက ဂျီးဆပ်ကို ချဉ်းကပ်မှုတွေ အပြိုင်အဆိုင် ပြုလုပ်နေသလို ဂျီးဆပ်ကလည်း နှစ်သင်းစလုံးရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံကာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းနေကာ ဂျီးဆပ်ကို မန်ချက်စတာ စီးတီးမှာ ရရှိနေတဲ့ လုပ်ခလစာထက် ၂ဆ ပိုများတဲ့ လုပ်ခလစာ တရပ် ဖြစ်တဲ့ တပတ် လုပ်ခလစာ ပေါင် ၂သိန်း ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားပြီး ဂျီးဆပ်ကလည်း စပါးထက် အာဆင်နယ်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

Exit mobile version