ၿပီးခဲ႔တဲ႔ ေအာက္တုိဘာလ ၆ရက္ေန႔တုန္းက အိမ္ကြင္းအမ္းမရိတ္ဒ္မွာ ကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္း ဧည့္သည္ဘုန္းေမာက္အသင္းကုိ တစ္လုံးတည္းေသာ သြင္းဂုိးနဲ႔ အႏုိင္ရယူခဲ႔ၿပီးေနာက္မွာ အဲ႔ဒီပြဲမွာ အာဆင္နယ္အတြက္ အဖုိးတန္သြင္းဂုိးကုိ ေခါင္းတုိက္သြင္းယူခဲ႔တဲ႔ ဝါရင့္ေနာက္ခံကစားသမား ေဒးဗစ္လုဇ္က ပြဲအၿပီး အင္တာဗ်ဴးမွာ သူဟာ အရမ္းကုိ ရည္မွန္းခ်က္ႀကီးမားသူျဖစ္ၿပီး အၿမဲတမ္း တုိက္ပြဲဝင္လုိစိတ္ အျပည့္ရွိသူျဖစ္ကာ သူရဲ႕အာဆင္နယ္အသင္းလည္း အမွတ္ေပးခ်န္ပီယံဆုရေအာင္ တုိက္ပြဲဝင္သြားမယ္လုိ႔လည္း ႀကံဳးဝါးသြားခဲ႔တာကုိ ပရိသတ္ေတြလည္း မွတ္မိမယ္လုိ႔ ယူဆမိပါတယ္။

Photo Credit : Getty Images

ေဒးဗစ္လုဇ္ရဲ႕စကားဟာ အဲ႔ဒီအခ်ိန္တုန္းက အေျခအေနနဲ႔ တြက္ခ်က္ၾကည့္မယ္ဆုိရင္ ျဖစ္ႏုိင္ေခ်ရွိတယ္လုိ႔ ဆုိႏုိင္ေပမယ့္ အခု ဒီဇင္ဘာလရဲ႕ပထမရက္သတၱပတ္ကုိ ေက်ာ္လြန္လာခဲ႔ခ်ိန္မွာေတာ့ သူရဲ႕စကားက ဟာသတစ္ခုလုံး ျဖစ္သြားခဲ႔ရပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူဒီလုိႀကံဳးဝါးၿပီးကတည္းက အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ ေတာက္ေလွ်ာက္ႏုိင္ပြဲေပ်ာက္လာခဲ႔ရၿပီး ၿပိဳင္ပြဲစုံ၉ပြဲဆက္တုိက္ ႏုိင္ပြဲေပ်ာက္ဆုံးခဲ႔ရကာ ၁၉၉၂ခုႏွစ္ေနာက္ပုိင္း အဆုိးရႊားဆုံးေသာ အေျခအေနနဲ႔ပါ ရင္ဆုိင္လာခဲ့ရသလုိ နည္းျပအူႏုိင္းအမ္မရီနဲ႔လည္း လက္တြဲျဖဳတ္ခဲ႔ရပါတယ္။ ေဒးဗစ္လုဇ္အေနနဲ႔ အသင္းက လီဗာပူးလ္ မန္စီးတီးအသင္းေတြနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ဝင္ေရာက္စိန္ေခၚႏုိင္ေသးတယ္လုိ႔ ေျပာဆုိ႔လုိ႔အၿပီး ႏွစ္ရက္အၾကာမွာပဲ ရွက္ဖီးယူႏုိက္တက္အသင္းကုိ အေဝးကြင္း တစ္ဂုိးတည္းနဲ႔ ကပ္အေရးနိမ့္ခဲ႔ရပါတယ္။

Photo Credit : Getty Images

အဲ့ဒီရွုံးပြဲက အာဆင္နယ္အသင္းရဲ႕ႏုိင္ပဲေပ်ာက္ဆုံးမႈ အစပုိင္းလုိ႔ေတာင္ သတ္မွတ္ႏုိင္ပါတယ္။ အဲ႔ဒီပြဲအၿပီးမွာ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ကစားခဲ႔ရၿပီး ပထမပုိင္းအတြင္း ၂ဂုိးျပတ္နဲ႔ ဦးေဆာင္ႏုိင္ခဲ႔ေပမယ့္လည္း ပြဲအၿပီးမွာေတာ့ တစ္ဖက္ကုိ ၂ဂုိးစီနဲ႔သာ သေရက်ခဲ႔ရသလုိ ဝုလ္ဗ္နဲ႔ ကစားခဲ႔ရမွာလည္း သေရက်ခဲ႔ျပန္ပါတယ္။ အဲ႔ဒီေနာက္ ဒီရာသီ ပရီးမီးယားလိဂ္မွာ ေျခစြာလုိ႔ေနတဲ႔ လက္စတာကုိ ဂုိးျပတ္အေရးနိမ့္ခဲ႔ရၿပီး တန္းဆင္းဇုန္နားမွာ ရုန္းကန္ေနရတဲ႔ ေဆာက္သမ္တန္အသင္းကုိ အိမ္ကြင္းမွာ ဧည့္ခံကစားခဲ႔ရမွာလည္း ၂ဂုိးစီ သေရက်ခဲ႔ပါေသးတယ္။ ဒီပြဲအၿပီး ဖရန္႔ဖတ္နဲ႔ကစားခဲ႔တဲ႔ ယူရုိပါလိဂ္ပြဲစဥ္မွာ အေရးနိမ့္ခဲ႔ရလုိ႔ အမ္မရီကုိ ထုတ္ပယ္ၿပီး ကစားသမားေဟာင္းယြန္းဘတ္ကုိ ယာယီနည္းျပအျဖစ္ ကုိင္တြယ္ေစရာ ပထမပြဲမွာ ေနာဝစ္ခ်္ကုိ သေရသာ ကစားႏုိင္ခဲ႔ၿပီး ေနာက္တစ္ပြဲမွာေတာ့ ဘရုိက္တန္ကုိ အိမ္ကြင္းမွာေတာင္ အရွုံးေပးခဲ႔ရရပါတယ္။ အခုဆုိရင္ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္အသင္းနဲ႔ အာဆင္နယ္အသင္းဟာ ရမွတ္ေပါင္း ၂၄မွတ္အထိ ကြာဟလုိ႔ေနၿပီျဖစ္တာေၾကာင့္ အမွတ္ေပးခ်န္ပီယံဆုကုိ စိန္ေခၚဖုိ႔က မျဖစ္ႏုိင္ေတာ့ဘူးလုိ႔ပဲ သတ္မွတ္ရမွာပါ။

(Unicode)

ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်တယ်လို့ လုဇ်ပြောပြီးနောက် အာဆင်နယ်လိဂ်နိုင်ပွဲ လုံးဝမရှိခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက်နေ့တုန်းက အိမ်ကွင်းအမ်းမရိတ်ဒ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဧည့်သည်ဘုန်းမောက်အသင်းကို တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရယူခဲ့ပြီးနောက်မှာ အဲ့ဒီပွဲမှာ အာဆင်နယ်အတွက် အဖိုးတန်သွင်းဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တဲ့ ဝါရင့်နောက်ခံကစားသမား ဒေးဗစ်လုဇ်က ပွဲအပြီး အင်တာဗျူးမှာ သူဟာ အရမ်းကို ရည်မှန်းချက်ကြီးမားသူဖြစ်ပြီး အမြဲတမ်း တိုက်ပွဲဝင်လိုစိတ် အပြည့်ရှိသူဖြစ်ကာ သူရဲ့အာဆင်နယ်အသင်းလည်း အမှတ်ပေးချန်ပီယံဆုရအောင် တိုက်ပွဲဝင်သွားမယ်လို့လည်း ကြုံးဝါးသွားခဲ့တာကို ပရိသတ်တွေလည်း မှတ်မိမယ်လို့ ယူဆမိပါတယ်။

Photo Credit : Getty Images

ဒေးဗစ်လုဇ်ရဲ့စကားဟာ အဲ့ဒီအချိန်တုန်းက အခြေအနေနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် ဖြစ်နိုင်ချေရှိတယ်လို့ ဆိုနိုင်ပေမယ့် အခု ဒီဇင်ဘာလရဲ့ပထမရက်သတ္တပတ်ကို ကျော်လွန်လာခဲ့ချိန်မှာတော့ သူရဲ့စကားက ဟာသတစ်ခုလုံး ဖြစ်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဒီလိုကြံုးဝါးပြီးကတည်းက အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ တောက်လျှောက်နိုင်ပွဲပျောက်လာခဲ့ရပြီး ပြိုင်ပွဲစုံ၉ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရကာ ၁၉၉၂ခုနှစ်နောက်ပိုင်း အဆိုးရွှားဆုံးသော အခြေအနေနဲ့ပါ ရင်ဆိုင်လာခဲ့ရသလို နည်းပြအူနိုင်းအမ်မရီနဲ့လည်း လက်တွဲဖြုတ်ခဲ့ရပါတယ်။ ဒေးဗစ်လုဇ်အနေနဲ့ အသင်းက လီဗာပူးလ် မန်စီးတီးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဝင်ရောက်စိန်ခေါ်နိုင်သေးတယ်လို့ ပြောဆို့လို့အပြီး နှစ်ရက်အကြာမှာပဲ ရှက်ဖီးယူနိုက်တက်အသင်းကို အဝေးကွင်း တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Getty Images

အဲ့ဒီရှုံးပွဲက အာဆင်နယ်အသင်းရဲ့နိုင်ပဲပျောက်ဆုံးမှု အစပိုင်းလို့တောင် သတ်မှတ်နိုင်ပါတယ်။ အဲ့ဒီပွဲအပြီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့ရပြီး ပထမပိုင်းအတွင်း ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ တစ်ဖက်ကို ၂ဂိုးစီနဲ့သာ သရေကျခဲ့ရသလို ဝုလ်ဗ်နဲ့ ကစားခဲ့ရမှာလည်း သရေကျခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွာလို့နေတဲ့ လက်စတာကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီး တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရတဲ့ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရမှာလည်း ၂ဂိုးစီ သရေကျခဲ့ပါသေးတယ်။ ဒီပွဲအပြီး ဖရန့်ဖတ်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အရေးနိမ့်ခဲ့ရလို့ အမ်မရီကို ထုတ်ပယ်ပြီး ကစားသမားဟောင်းယွန်းဘတ်ကို ယာယီနည်းပြအဖြစ် ကိုင်တွယ်စေရာ ပထမပွဲမှာ နောဝစ်ချ်ကို သရေသာ ကစားနိုင်ခဲ့ပြီး နောက်တစ်ပွဲမှာတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာတောင် အရှုံးပေးခဲ့ရရပါတယ်။ အခုဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းဟာ ရမှတ်ပေါင်း ၂၄မှတ်အထိ ကွာဟလို့နေပြီဖြစ်တာကြောင့် အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်ဖို့က မဖြစ်နိုင်တော့ဘူးလို့ပဲ သတ်မှတ်ရမှာပါ။