အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားပြီးနောက် နိုင်ပွဲ (၆) ပွဲသာ ရရှိခဲ့တာကြောင့်မို့ (၁၉၁၂-၁၃) ခုနှစ် နောက်ပိုင်း နှစ် (၁၀၇) အကြာမှာ အဆိုးရွားဆုံး နိုင်ပွဲ စံချိန်ကို ပြန်လည် ရရှိခဲ့ပါတယ်။ (၁၉၁၂-၁၃) ခုနှစ်မှာတော့ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲကို လိဂ် ပထမတန်း ပြိုင်ပွဲလို့ ခေါ်ခဲ့ပြီး အာဆင်နယ်အသင်းကလည်း “Woolwich Arsenal” – “ဝုဗ်လ်ဝှစ်ချ အာဆင်နယ်အသင်း” အဖြစ် ကစားခဲ့ပြီး ရာသီကုန်မှာ ရမှတ် (၁၈) မှတ်နဲ့ တန်းဆင်းသွားခဲ့ပါတယ်။

Woolwich Arsenal

Photo Credit: Dailymail

အာဆင်နယ်အသင်းကတော့ (၁၉၁၂-၁၃) ခုနှစ် လိဂ်ပထမတန်း (League First Division) ပြိုင်ပွဲမှာ နိုင်ပွဲ (၃) ပွဲသာ ရရှိခဲ့ပြီး ရာသီကုန်မှာ ရမှတ် (၁၈) မှတ်ပဲ ရရှိခဲ့တာကြောင့် လိဂ်ပထမတန်း ပြိုင်ပွဲ ကနေ တန်းဆင်းခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ (၁၉၁၂-၁၃) ခုနှစ်က ပွဲစဉ် (၂၅) ပွဲ ကစားပြီးတဲ့ အချိန်မှာ နိုင်ပွဲ (၁) ပွဲသာ ရရှိခဲ့ပြီး အဲဒီအချိန်တုန်းက နိုင်ပွဲ (၁) ပွဲကို ရမှတ် (၃) မှတ် မပေးဘဲ (၂) မှတ်သာ ပေးခဲ့တာကြောင့် အာဆင်နယ်အသင်းက ရမှတ်ပြည့် (၁) ပွဲသာ ရခဲ့ပါတယ်။

Photo Credit: Dailymail

အာဆင်နယ်အသင်းဟာ (၁၉၁၂-၁၃) ခုနှစ်က ပွဲစဉ် (၂၅) ပွဲ ကစားပြီးတဲ့နောက် ရမှတ် (၈) မှတ်ပဲ ရရှိခဲ့ပြီး လက်ရှိရာသီ (၂၀၁၉-၂၀) ခုနှစ်မှာတော့ ပွဲစဉ် (၁၅) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၃၁) မှတ် ရရှိထားတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပွဲစဉ် (၂၅) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၃၁) မှတ် နဲ့ နိုင်ပွဲ (၆) ပွဲသာ ရရှိခဲ့တာကြောင့် (၁၉၁၂-၁၃) ခုနှစ်နောက်ပိုင်း နှစ်ပေါင်း (၁၀၇) နှစ် အကြာမှာ အဆိုးရွားဆုံး ရမှတ်ကို ရရှိခဲ့ပြီး သမိုင်းဆိုးကို ပြန်ပြီး မြေလှန်တူးလိုက်သလို ဖြစ်နေပါပြီ။