အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အိမ်ကွင်း အိမရိတ်စ်မှာ (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာကနေ ဆက်လက် ဦးဆောင်နေတဲ့အပြင် သူတို့အသင်းရဲ့ ဒီရာသီ အိမ်ကွင်းရလဒ်တွေဟာလည်း ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ အတော်လေးကို ရလဒ်ကောင်းနေရပါတယ်။

Photo Credit : Pain in the Arsenal

အာဆင်နယ်ဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ပိုင်းမှာရော ရလဒ်ပိုင်းမှာပါ ကောင်းမွန်လျက် ရှိနေပြီး အထူးသဖြင့် သူတို့အသင်းရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်နဲ့ အိမ်ကွင်းရလဒ်ပိုင်းတွေက အတော်လေး ကောင်းမွန်နေခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီအတွင်း သူတို့ရဲ့ အိမ်ကွင်းမှာ လက်စတာ ဖူလ်ဟမ် အက်စတွန်ဗီလာ တော့တင်ဟမ်ဟော့စပါး ဘိုဒယ်ဂလင့် လီဗာပူးလ် PSV နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ အားလုံးကို အနိုင်ယူခဲ့ပြီး လက်ရှိအချိန်ထိ အိမ်ကွင်း (၈)ပွဲဆက်တိုက် နိုင်ပွဲရထားခဲ့ကာ ပရီးမီးယားလိဂ် အိမ်ကွင်း (၆)ပွဲဆက် အနိုင်ရထားသလို ဒီတစ်ပတ် mid-week မှာ ကစားမယ့် ဇူးရစ်နဲ့ ယူရိုပါလိဂ်ပွဲမှာပါ အနိုင်ရဖို့ သေချာနေလို့ ယူရိုပါလိဂ်မှာလည်း အုပ်စုအတွင်း အိမ်ကွင်းပွဲအားလုံး အနိုင်ရဖို့ပါ ရှိနေရပါတယ်။

Photo Credit : Sporting News

အာဆင်နယ်အနေနဲ့ အိမ်ကွင်း အိမရိတ်စ်မှာ နောက်ဆုံး ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာက ပြီးခဲ့တဲ့ ဧပြီလအတွင်း ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာဖြစ်ပြီး (၁)ဂိုး (၂)ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက အာဆင်နယ်ဟာ အိမ်ကွင်းမှာ (၁၁)ပွဲဆက်တိုက်အထိ လုံးဝကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး မတိုင်ခင်မှာ ဇူးရစ်နဲ့ ယူရိုပါလိဂ်ပွဲ ဘရိုက်တန်နဲ့ လိဂ်ဖလားပွဲတွေအတွင်း အိမ်ကွင်းပွဲတွေ ကစားရဖို့ ရှိနေရပြီး ဒီ(၂)ပွဲလုံးကို အနိုင်ရဖွယ်လည်း ရှိနေတာကြောင့် ကမာ္ဘ့ဖလားမတိုင်ခင်အထိ သူတို့အသင်းရဲ့ အိမ်ကွင်းနိုင်ပွဲတွေဟာ ဆက်တိုက် ရှိရနိုင်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ (၁၂)ပွဲကစားလို့အပြီး (၃၁)မှတ်အထိ ရှာဖွေထားနိုင်ကာ အမှတ်ပေးဇယားထိပ်ကနေ ဒုတိယနေရာက မန်စီးတီးကို (၂)မှတ် ဖြတ်တောက်ထားနိုင်သလို ယူရိုပါလိဂ်ပြိုင်ပွဲဘက်မှာလည်း အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့က သေချာသလောက် ရှိနေပါတယ်။