MySport Myanmar

ဒမ်ဘီလီကို ခေါ်ယူဖို့ ကစားသမားရဲ့အေးဂျင့်နဲ့ပါ ဆွေးနွေးနေပြီဖြစ်တဲ့ အာဆင်နယ်

အင်္ဂလန်နိုင်ငံ လန်ဒန်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Football.London ရဲ့ ဖော်ပြချက်အရ လန်ဒန်မြို့ခံ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား အူစမန်ဒမ်ဘီလီကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပြီလို့ သိရှိရပါတယ်။

Photo Credit : Daily Express

လာမယ့်စျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားနှစ်ဦးခန့်လောက်အထိ ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ်ကစားသမားတွေကို ပစ်မှတ်ထားလျက် ရှိနေပြီး အခုလည်း အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ဒမ်ဘီလီကို အရခေါ်ယူသွားဖို့ပါ ထပ်မံကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်တာင်ပံကစားသမား ဒမ်ဘီလီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူရဲ့ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်လို့ ဒမ်ဘီလီကို ဘာစီလိုနာဘက်က စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေသလို ဒမ်ဘီလီကို အလိုရှိနေတဲ့ ကလပ်အသင်းတွေကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

Photo Credit : Everything Barca

ဒမ်ဘီလီဟာ ရာသီအစမှာ ဘာစီလိုနာအသင်းနဲ့ အဆင်မပြေ ဖြစ်နေရပေမယ့်လည်း နည်းပြဇာဗီဟာနန်ဒက်ဇ်ရဲ့ လက်အောက်မှာတော့ ပွဲကစားခွင့်တွေ ပြန်လည်ရရှိနေသလို အသင်းရဲ့ တိုက်စစ်ပိုင်းမှာပါ ခြေစွမ်းပြသနေနိုင်တာကြောင့် အသင်းဘက်က ဒမ်ဘီလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်သွားချင်ပဲ သူရဲ့စာချုပ်သက်တမ်းကိုပါ ထပ်တိုးသွားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒမ်ဘီလီဘက်ကတော့ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ရသေးခြင်း မရှိသလို သူ့ကို ခေါ်ယူသွားချင်နေတဲ့ ကလပ်အသင်းတွေထဲမှာလည်း အာဆင်နယ်အပြင် ပီအက်စ်ဂျီ မန်ချက်စတာယူနိုက်တက်တို့ပါ ပါဝင်နေတာဖြစ်လို့ ဒမ်ဘီလီအနေနဲ့ ရာသီအကုန်မှသာ သူ့အနာဂတ်အတွက် တိကျတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ဖွယ် ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာနဲ့ သက်တမ်းကုန်ဖို့ လပိုင်းလေးသာ ကျန်ရှိတော့တဲ့ ဒမ်ဘီလီကို အာဆင်နယ်အသင်းဘက်က ခေါ်ယူနိုင်ဖို့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်လို့ ဒမ်ဘီလီအနေနဲ့ လာမယ့်ရာသီ လက်ရှိကလပ်မှာပဲ ရှိနေနိုင်မလား သူရဲ့ဘာစီလိုနာအသင်းဖော် အူဘာမီယန်းရဲ့ အသင်းဟောင်း အာဆင်နယ်ကိုပဲ ရောက်ရှိသွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။

Exit mobile version