MySport Myanmar

ဘန်ဇီမာကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ဆွေးနွေးနေတဲ့ အာဆင်နယ်

အထောင်တိုက်စစ် ကစားသမားတစ်ဦး လိုအပ်နေတဲ့ အာဆင်နယ်အသင်းက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သတင်းထွက်လာခဲ့ပါတယ်။

အာဆင်နယ်က ဒီဆောင်းဈေးကွက်အတွင်းမှာ No.(9) Role အတွက် ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို အဓိက ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဘရန့်ဖို့ဒ်ဘက်က ရောင်းချမှာ မဟုတ်ကြောင်းနဲ့ မဖြစ်မနေ ရောင်းရမယ်ဆိုရင်တောင် ပေါင် သန်း(၁၀၀)လောက်အထိ ရမှသာ ရောင်းချမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

Photo Credit : Digi Sport

တိုနေးကို ခေါ်ယူဖို့ မလွယ်ကူတော့တဲ့ အာဆင်နယ်က တခြားသော တိုက်စစ်ကစားသမားတွေကိုသာ ဆက်လက် ပစ်မှတ်ထားလာခဲ့ပြီး အခုလည်း ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းကြီး ဘန်ဇီမာကိုပါ ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက်ပါ ချိန်ရွယ်လာခဲ့ပါတယ်။

အသက် (၃၆)နှစ်အရွယ် ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ဘန်ဇီမာက ရီးယဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးချိန် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်ဆီ ပြောင်းရွှေ့ခဲ့ပြီး ဆော်ဒီမြေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပေမယ့် လက်ရှိမှာတော့ လပိုင်းအတွင်းမှာပဲ အဆင်မပြေမှုတွေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Marca

ဘန်ဇီမာက အယ်လ်အစ်တီဟတ်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ဆက်တိုက် ပျက်ကွက်လျက် ရှိနေပြီး သူ့ကို ဥရောပ ကလပ်အသင်းတွေဆီ ပြန်လည် ပြောင်းရွှေ့ခွင့်ပေးဖို့ပါ ဖိအားပေး ဆောင်ရွှက်နေပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ ဘန်ဇီမာကိုလည်း အာဆင်နယ် ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်တို့ကလည်း ခေါ်ယူချင်နေပါတယ်။

TEAMtalk ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းက ချယ်လ်ဆီး ယူနိုက်တက်တို့ထက် လက်ဦးမှု ရရှိနိုင်ဖို့ ဘန်ဇီမာ အေးဂျင်နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပြီး အာဆင်နယ် နည်းပြကြီး အာဆင်ဝင်းဂါး ကိုယ်တိုင်ကလည်း သူ့အသင်းဟောင်းအနေနဲ့ ဘန်ဇီမာကို ခေါ်ယူဖို့ အကြံပြု တိုက်တွန်းထားခဲ့ပါတယ်။

Exit mobile version