MySport Myanmar

ဗာဒီက သူ့အတွက် ရင်ဆိုင်ရ အခက်ခဲဆုံးသော ပြိုင်ဘက်ဖြစ်တယ်လို့ ရမ်းစ်ဒေးလ် ဖွင့်ဟ

အာဆင်နယ်အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်တဲ့ အာရွန်ရမ်းစ်ဒေးလ်က သူရဲ့ကစားသမားဘဝအတွင်း ရင်ဆိုင်တွေ့ဆုံခဲ့ရတဲ့ ပြိုင်ဘက်တွေ အားလုံးထဲကမှ သူ့အတွက် အခက်ခဲဆုံးသော ပြိုင်ဘက်ဟာ လက်စတာအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဂျေမီဗာဒီ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ဂိုးသမား ရမ်းစ်ဒေးလ်ဟာ ကစားသမားဘဝအတွင်းမှာ ပရီးမီးယားလိဂ် အကျော်အမော် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို ဟာရီကိန်း မိုဟာမက်ဆာလာတို့နဲ့ ရင်ဆိုင်ခဲ့ရဖုူးသော်လည်း ဒီကစားသမားတွေထက် လက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ကစားသမားကြီး ဗာဒီကသာ သူ့အတွက် အခက်ခဲဆုံးသော ပြိုင်ဘက်တစ်ဦး ဖြစ်နေတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန် ဝါရင့်ကစားသမားကြီး ဗာဒီနဲ့ပတ်သက်ပြီး ရမ်းစ်ဒေးလ်က “ဂျေမီဗာဒီကို ပြိုင်ဘက်အဖြစ် ယှဉ်ကစားနေရတာကို ကျွန်တော်အမုန်းဆုံးပါပဲ”

Photo Credit : Daily Mail

“ဒီလူက ရပ်တန့်လို့ကို မရဘူး။ သူလို ကစားသမားမျိုးကို ကျွန်တော် ပါဝင်ကစားနေရတဲ့ အသင်းမှာပဲ ရှိစေချင်တယ်။ သူနဲ့ ရင်ဆိုင်ကစားရတာကြီးကိုတော့ ကျွန်တော် မကြိုက်ဘူး။ ကျွန်တော် သူနဲ့ (၅)ကြိမ်ထိကို ထိပ်တိုက်တွေ့ဆုံထားတယ်။ ကျွန်တော့်ကို (၄)ကြိမ်ထိ ဂိုးသွင်းယူထားနိုင်ပါတယ်” လို့ ပြောဆိုထားခဲ့ပါတယ်။ ဘုန်းမောက် ရှက်ဖီးယူနိုက်တက်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ်ကနေ (၂)ကြိမ်တိုင်တိုင် တန်းဆင်းခဲ့ဖူးတဲ့ ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့နွေမှာ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး အာဆင်နယ်ရဲ့ ဂျာမနီဂိုးသမား လေနိုရဲ့နောက် ဒုတိယ ဥင်္ီးစားပေး ဂိုးသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာ လေနိုကိုပါ ကျော်တတ်ပြီး အသင်းရဲ့ နံပါတ်တစ်ဂိုးသမားပါ ဖြစ်လာခဲ့ရသလို လက်ရွေးစင်အသင်းမှာလည်း နံပါတ်တစ်နေရာအတွက် ပစ်ဖို့ဒ်နဲ့ အပြိုင်အဆိုင် ဖြစ်နေရပါတယ်။ ရမ်းစ်ဒေးလ်ဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာပဲ သူရဲ့အခက်ခဲဆုံးသော ပြိုင်ဘက်ကြီး ဗာဒီနဲ့ ပြန်လည်ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီတစ်ကြိမ်မှာရော ဗာဒီရဲ့သွင်းဂိုးတွေကို ခွင့်မပြုရအောင် စွမ်းဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေရပါတယ်။

Exit mobile version