အီတလီစီးရီးအေရဲ့ အင်တာမီလန်အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်တဲ့ လော်သာရိုမာတီနက်ဇ်ကို လာမယ့်စျေးကွက်အတွင်းမှာ ရောင်းထုတ်သွားဖို့ စီစဉ်လျက်ရှိနေသလို ကစားသမားအတွက် လျှော့စျေးနဲ့ပါ ရောင်းချဖွယ် ရှိနေတာကြောင့် မာတီနက်ဇ်ကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်းက ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ပါ ချိတ်ဆက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

Inter Milan striker Lautaro Martinez has been linked with a summer switch to join Arsenal

Photo Credit : The Sun

လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ အသက်(၂၄)နှစ်အရွှယ်ရှိ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ကတည်းက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အာဆင်နယ်ဘက်က မာတီနက်ဇ်အတွက် တစ်ပတ်လုပ်ခအဖြစ် ပေါင်(၂၇၅၀၀၀)နဲ့ပါ ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာခဲ့ခြင်း မရှိသလို အင်တာမီလန်ဘက်ကပါ သူတို့ကစားသမားကို ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိမယ့် နှစ်ရှည်စာချုပ်တစ်ရပ်ကို ချုပ်ဆိုပြီး အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။

BREAKING NEWS: Lautaro Martinez signs new Inter contract

Photo Credit : SportMax

ဒီလို အခြေအနေ ရှိနေပေမယ့်လည်း ဒီရာသီအကုန်မှာ အီတလီကနေ ထွက်ခွာဖွယ်ရှိနေတဲ့ မာတီနက်ဇ်ကို အာဆင်နယ်အသင်းက စိတ်ဝင်စားလို့နေပြီး Calciomercato သတင်းမီဒီယာရဲ့့ ဖော်ပြချက်အရ အနာဂတ် ရေရာမှု မရှိတော့တဲ့ မာတီနက်ဇ်ကို ခေါ်ယူသွားဖို့ အာဆင်နယ်ဘက်က ကစားသမားရဲ့အေးဂျင့်နဲ့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ အခြားသတင်းဖော်ပြချက်တွေအရ အင်တာမီလန်အသင်းနည်းပြ ဆီမြွန်အင်ဇာဂီကပါ မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၅၈)သန်းလောက် ရရှိရင်ပင် အသင်းကနေ လက်လွတ်သွားဖွယ် ရှိနိုင်ပြီး ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပေါ်လိုဒီဘားလားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူကာ ပြန်လည်အစားထိုးဖွယ် ရှိနေပါတယ်။ ဒီလို အသင်းနဲ့ လမ်းခွဲရဖွယ် ရှိနေတဲ့ မာတီနက်ဇ်ကို အာဆင်နယ်အသင်းအပြင် အာဆင်နယ်ရဲ့ ခါးသီးမြို့ခံအသင်း စပါးနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတွေကပါ အပြိုင်စိတ်ဝင်စားနေကြပြီး အင်တာဘက်ကနေ သူတို့ကစားသမားအတွက် သတ်မှတ်ထားတဲ့ တန်ကြေးကို လျှော့ချပေးမယ်ဆိုရင်တော့ သေချာပေါက် အကြိတ်အနယ် ကမ်းလှမ်းကြဖွယ် ရှိနိုင်သလို မန်ချက်စတာနှစ်သင်းလုံးပါ မာတီနက်ဇ်ရဲ့အခြေအနေကို စောင့်ကြည့်နေဖွယ် ရှိနိုင်ပါတယ်။