MySport Myanmar

စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေပေကို ရောင်းမထုတ်နိုင်မှာ စိုးရိမ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းဆီကို ကစားသမားသစ်တွေ ခေါ်ဆောင်သွားဖို့အတွက်နဲ့ အသင်းမှာ အသုံးမလိုတော့တဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ လုပ်ဆောင်နေရတာဖြစ်ပြီး လက်ရှိမှာတော့ အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ နီကိုလာပေပေကို အသင်းကနေ ရောင်းထုတ်နိုင်ဖို့ အဆင်မပြေ ဖြစ်မှာကို စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။

Photo Credit : Pain in Arsenal

အသက်(၂၇)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံကစားသမား ပေပေဟာ ၂၀၀၉ခုနှစ်ကမှ လိုင်လီအသင်းကနေ အာဆင်နယ်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၇၇)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို အသင်းရဲ့ biggest flop player လည်း ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဘရာဇီးလ် ညာတောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူချင်နေပေမယ့်လည်း အသင်းရဲ့ညာတောင်ပံ ကစားသမား ပေပေကို ရောင်းထုတ်နိုင်ဖို့ ကြိုးပမ်းနေရာမှာ ဘယ်အသင်းကမှ ပေပေကို ခေါ်ယူချင်နေတဲ့ စိတ်ဝင်စားမှုမျိုး မပြသသေးတာကြောင့် ရောင်းချဖို့ ခက်ခဲနေသလို ဒီကိစ္စရဲ့ နောက်ဆက်တွဲကြောင့် ရာဖင်ညာကို ခေါ်ယူဖို့ပါ အခက်အခဲတွေ ဖြစ်နေရပါတယ်။

Photo Credit : Football London

အာဆင်နယ်အသင်းနည်းပြ အာတီတာနဲ့ နည်းနစ်ဒါရိုက်တာ အီဒူးတို့ဟာ အသင်းကို အင်အားတောင့်တင်းတဲ့ လူစာရင်းမျိုးနဲ့ ပြန်လည်တည်ဆောက်သွားဖို့ အစီအစဉ်ရှိနေပြီး လတ်တလောမှာလည်း ပေါ်တိုအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဗီယာရာကို ခေါ်ယူထားခဲ့သလို လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ညာကိုလည်း အရခေါ်ယူဖို့ လိဒ်စ်အသင်းဘက်ကို ကနဦး ကမ်းလှမ်းထားခဲ့သေးသလို မန်စီးတီးရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကိုလည်း ကမ်းလှမ်းထားခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီလိုတွေ ကစားသမားသစ် ခေါ်ယူချင်နေတဲ့ အာဆင်နယ်အသင်းဟာ အသင်းကနေ ရှင်းထုတ်သွားဖို့ လိုအပ်နေတဲ့ ပေပေကို ရောင်းထုတ်နိုင်ဖို့က ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို မရရှိထားသေးတာကြောင့် ဈေးကွက်ပိတ်သွားချိန်ထိ မရှင်းထုတ်နိုင်မှာကို စိုးရိမ်နေကြပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ လာကာဇက်ကို လိုင်ယွန်အသင်းဆီ free transfer နဲ့ လက်လွတ်ထားပြီး ကွင်းလယ်လူ ဂွန်ဒူဇီကို မာဆေးလ်နဲ့ နောက်ခံ မာဗရိုပါနော့စ်ကို စတုဂတ်အသင်းတွေဆီ ရောင်းထုတ်ထားနိုင်ခဲ့ပါတယ်။

Exit mobile version