အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီကို Top 4 ပြင်ပ အဆင့်(၅)နေရာနဲ့သာ အဆုံးသတ်သွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ ထပ်မံလွဲချော်ရမယ်ဆိုရင် အသင်းအတွက် နစ်နာစရာတွေ ဆက်တိုက်ကြုံတွေ့ရဖွယ် ရှိနေပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဘူကာယိုဆာခါကို စာချုပ်သစ် ချုပ်ဆိုသွားမယ့် ကိစ္စမှာပါ အခက်တွေ့သွားနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Bukayo Saka sends Tottenham 'motivation' warning ahead of North London  derby - Mirror Online

Photo Credit : Mirror

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စပါး နယူးကာဆယ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ထားခဲ့ရတာကြောင့် အဆင့်(၅)နေရာထိ ဆင်းပေးလိုက်ရတဲ့အပြင် အဆင့်(၄)နေရာက စပါးအသင်းနဲ့လည်း (၂)မှတ်အထိပါ ကွာဟသွားခဲ့ရတဲ့အတွက် အာဆင်နယ်အနေနဲ့ နောက်ဆုံးပွဲမှာ အဲဗာတန်ကို မဖြစ်မနေ အနိုင်ရယူဖို့ လိုအပ်နေသလို သူတို့ရဲ့ပြိုင်ဘက် စပါးကလည်း နောက်ဆုံးပွဲစဉ်မှာ နောဝစ်ချ်အသင်းကို ရှုံးနိမ့်မှသာ အဆင့်(၄)နေရာကို ရယူနိုင်မှာ ဖြစ်ပါတယ်။

Arsenal will struggle to keep Bukayo Saka if they miss out on a top four finish

Photo Credit : The Sun

တကယ်လို့ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ လွဲချော်ခဲ့ရမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ အသင်းအတွက် အကျိုးအပြုဆုံး ကစားသမားလေး ဆာခါကို စာချုပ်သက်တမ်းတိုးဖို့ ခက်ခဲသွားရနိုင်ပါတယ်။ အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဆာခါဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေသူဖြစ်ပြီး အသင်းအတွက် တစ်ရာသီလုံးမှာ ပြိုင်ပွဲစုံသွင်းဂိုး (၁၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဆာခါကို ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ်ကမှ (၄)နှစ်စာချုပ် ချုပ်ဆိုထားပေမယ့် လက်ရှိမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခကိုပါ တိုးမြှင့်ပေးပြီး နောက်ထပ်ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုသွားချင်နေပေမယ့် ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာ ပါဝင်ဆင်နွဲချင်နေတာကြောင့် အသင်းရဲ့ စာချုပ်ကမ်းလှမ်းမှုကို ပယ်ချသွားဖွယ် ရှိလာနိုင်တဲ့အပြင် မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကပါ ဆာခါကို အလွန်သဘောကျနေတာဖြစ်လို့ အသင်းကနေ မာရက်ဇ် ဒါမှမဟုတ် စတာလင် တစ်ဦးဦး ထွက်ခွာသွားမယ်ဆိုရင် သူတို့ရဲ့နေရာမှာ ဆာခါနဲ့ အစားထိုးဖို့ စီစဉ်လာနိုင်ပါတယ်။ ဆာခါကို မန်စီးတီးအပြင် လီဗာပူးလ်အသင်းကပါ စိတ်ဝင်စားနေတာဖြစ်လို့ အာဆင်နယ်သာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ သေချာပေါက် လွဲချော်မယ်ဆိုရင် သူတို့ အလိုရှိတဲ့ ကစားသမားတွေ ခေါ်ယူရာမှာရော အသင်းက key players တွေကို ဆက်လက်ထိန်းသိမ်းဖို့ပါ ခက်ခဲလာရနိုင်ပါတယ်။