အာဆင်နယ်အသင်းအနေနဲ့ နှစ်တိုင်းလိုလို ရင်ဆိုင်ခံစားနေရတဲ့ အဓိကပြသာနာက ခံစစ်ကြောင်းပါပဲ။ ဘောလုံးရာသီတိုင်းလိုလိုမှာ အသင်းရဲ့ခံစစ်ပိုင်းက အသင်းရဲဲ့အားအနည်းဆုံးအပိုင်းဖြစ်နေရပြီး အခုထိကို အသေအချာမပြုပြင်နိုင်သေးပါဘူး။ ဒါကြောင့်လည်း ဒီရာသီမှာဆိုရင် အသင်းက Clean Sheets နိုင်ပွဲတွေရယူမှုက အရမ်းနည်းပါးနေခဲ့ရပြီး ဒါကို လာမယ့်နွေရာသီစျေးကွက်အတွင်း လူအင်အားဖြည့်တင်းပြီးတော့ ပြုပြင်သွားဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ အေဂျက်စ်အသင်းရဲ့ နယ်သာလန်လက်ရွေးစင် နောက်ခံကစားသမား ဒါလေဘလင်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : Daily Express

ဒါလေဘလင်းက မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ခံစစ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ ယူနိုက်တက်နဲ့ လူးဝစ်ဗန်ဟားတို့ လက်တွဲခဲ့စဉ်တုန်းက အေဂျက်စ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ၄နှစ်တာအထိ ပါဝင်ကစားခဲ့ပြီးနောက်မှာ အသင်းနဲဲ့အတူ အက်အေဖလား ယူရိုပါလိဂ်ဖလား လိဂ်ဖလားတွေကို ဆွတ်ခူးခဲ့ပေမယ့် မော်ရင်ဟိုလက်အောက်မှာတော့ ကစားခွင့်တွေ နည်းပါးလာခဲ့ရင်းနဲ့ နောက်ဆုံးမှာတော့ ဘလင်းက သူရဲ့အသင်းဟောင်းအေဂျက်စ်ဆီကိုပဲ ပြန်လည်ပြောင်းရွှေ့ကစားခဲ့ပါတယ်။

Photo Credit : FourFourTwo

ဘလင်းက အေဂျက်စ်မှာတော့ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားနေရပြီး မနှစ်ကဆို အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရောက်ရှိအောင် ပို့ဆောင်ထားခဲ့ပါသေးတယ်။ ဒီရာသီမှာလည်း အေဂျက်စ်အတွက် ပွဲအများစုကို ပါဝင်ကစားထားပြီး သိပ်မကြာသေးခင်ကတော့ နှလုံးမှာ ပြသာနာအနည်းသယ်ရှိနေခဲဲ့လို့ ကုသမှုခံယူခဲ့ပြီး အခုပြန်လည်ကောင်းမွန်လာပြီလို့ဖြစ်ပါတယ်။ ဘလင်းက အေဂျက်စ်အသင်းနဲ့ စာချုပ်သက်တမ်းလည်း ၂နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်ပြီး သူရဲ့စာချုပ်လျော်ကြေးအရဆိုရင်လည်း နည်းပါးနေတာကြောင့် သူ့ကို အာဆင်နယ်နဲ့အပြိုင် အသင်းပေါင်းများစွာကနေ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဘလင်းကတော့ လက်ရှိမှာ အသက်၂၉နှစ်သာရှိသေးသလို ခံစစ်မှာဆိုရင်လည်း နေရာစုံလိုက်ပါကစားတတ်သူဖြစ်ကာ ပရီးမီးယားလိဂ်မှာလည်း ကျင်လည်ခဲ့ဖူးသူဖြစ်လို့ အာဆင်နယ်က ဘလင်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ကာ နွေစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။