လက္ရွိေဘာလုံးရာသီမွာ ဆိုးဝါးတဲ့ခံစစ္စြမ္းေဆာင္ရည္ေတြေၾကာင့္ ရလဒ္ဆိုးေတြ ၊ ရလဒ္ မတည္ၿငိမ္မွုေတြျဖစ္ေပၚေနတဲ့ အာဆင္နယ္အသင္းကေတာ့ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေနာက္ခံလူတစ္ဦးကိုေခၚယူဖို႔အတြက္ ျပင္ဆင္လ်က္ရွိတယ္လို႔ သိရပါတယ္။ အဆိုပါ ကစားသမားကေတာ့ ဗီလာရီးရဲအသင္းအတြက္ လက္ရွိေဘာလုံးရာသီမွာ အေကာင္းဆုံးေျခစြမ္းျပသထားနိုင္ခဲ့တဲ့ စပိန္ေနာက္ခံလူ ေပၚေတာရက္စ္ပဲ ျဖစ္ပါတယ္။

Photo Credit: Metro.com

ရာသီမစခင္မွာ ခ်ယ္လ္ဆီးအသင္းကေန ဝါရင့္ခံစစ္မွူး ေဒးဗစ္လူးဝစ္ကို ေခၚယူအားျဖည့္ထားခဲ့ေပမယ့္ အားနည္းေနေသးတဲ့ ခံစစ္ေၾကာင္းအေပၚ အာဆင္နယ္အသင္းရဲ့ တာဝန္ရွိသူေတြက အလြန္အမင္း စိတ္ပ်က္ေနၾကၿပီး လာမယ့္ဇန္နဝါရီမွာ ေနာက္ခံလူတစ္ဦးကို ေခၚယူကာ ယိုယြင္းေနတဲ့ခံစစ္ေၾကာင္းကို အေကာင္းဆုံးျပင္ဆင္ဖို႔ ႀကိဳးစားေနတယ္လို႔ လန္ဒန္အေျခစိုက္သတင္းေတြက ေဖာ္ျပထားခဲ့ၾကပါတယ္။ အသက္၂၂ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ေတာရက္စ္ဟာ စပိန္အသင္းအတြက္လည္း ပါဝင္ကစားခြင့္ရရွိထားသူလည္း ျဖစ္ပါတယ္။

Photo Credit: Metro.com

စပိန္ကလာတဲ့သတင္းေတြအရေတာ့ ဗီလာရီးရဲအသင္းဟာ ေတာရက္စ္ရဲ့တန္ေၾကးကို ေပါင္၄၃သန္းအထိ သတ္မွတ္ေပးထားတယ္လို႔ သိရွိရၿပီး အာဆင္နယ္အသင္းကလည္း အဆိုပါ တန္ေၾကးကို ေပးေခ်ဖို႔ စဥ္းစားထားပါတယ္။ ဒါေပမယ့္ အာဆင္နယ္အသင္းနဲ႔ ရင္းႏွီးသူေတြကေတာ့ အာဆင္နယ္အသင္းဟာ ေတာရက္စ္ကို ဝယ္ယူရာမွာ လိုင္လီအသင္းကေန ေပေပကို ေပါင္၇၂သန္းနဲ႔ဝယ္ယူစဥ္ကလို အရစ္က်စနစ္နဲ႔သာ ဝယ္ယူဖို႔ စီစဥ္ေနေၾကာင္း ဖြင့္ဟထားၾကပါတယ္။

Photo Credit: Metro.com

ဆက္စပ္သတင္းေတြအရ အာဆင္နယ္အသင္းနည္းၿပ အမ္မရီဟာ အာဆင္နယ္အသင္းမွာ ဆက္ရွိေနခြင့္ရဖို႔အတြက္ အခ်ိန္တစ္လသာ ေစာင့္ၾကည့္ျခင္းခံရေတာ့မယ္လို႔ သိရပါတယ္။ အကယ္၍ ဒီဇင္ဘာလအကုန္မွာသာ အူနိုင္းအမ္မရီအေနနဲ႔ ရလဒ္ေကာင္းတစ္စုံတစ္ရာကို ဖန္တီးျပနိုင္ျခင္းမရွိရင္ေတာ့ အာဆင္နယ္အသင္းကေန ထုတ္ပယ္သြားေတာ့မယ္လို႔လည္း ၾကားသိရပါတယ္ခင္ဗ်ာ…။

လက်ရှိဘောလုံးရာသီမှာ ဆိုးဝါးတဲ့ခံစစ်စွမ်းဆောင်ရည်တွေကြောင့် ရလဒ်ဆိုးတွေ ၊ ရလဒ် မတည်ငြိမ်မှုတွေဖြစ်ပေါ်နေတဲ့ အာဆင်နယ်အသင်းကတော့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ခံလူတစ်ဦးကိုခေါ်ယူဖို့အတွက် ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမားကတော့ ဗီလာရီးရဲအသင်းအတွက် လက်ရှိဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြသထားနိုင်ခဲ့တဲ့ စပိန်နောက်ခံလူ ပေါ်တောရက်စ်ပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

ရာသီမစခင်မှာ ချယ်လ်ဆီးအသင်းကနေ ဝါရင့်ခံစစ်မှူး ဒေးဗစ်လူးဝစ်ကို ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် အားနည်းနေသေးတဲ့ ခံစစ်ကြောင်းအပေါ် အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေက အလွန်အမင်း စိတ်ပျက်နေကြပြီး လာမယ့်ဇန်နဝါရီမှာ နောက်ခံလူတစ်ဦးကို ခေါ်ယူကာ ယိုယွင်းနေတဲ့ခံစစ်ကြောင်းကို အကောင်းဆုံးပြင်ဆင်ဖို့ ကြိုးစားနေတယ်လို့ လန်ဒန်အခြေစိုက်သတင်းတွေက ဖော်ပြထားခဲ့ကြပါတယ်။ အသက်၂၂နှစ်အရွယ်ရှိနေပြီဖြစ်တဲ့တောရက်စ်ဟာ စပိန်အသင်းအတွက်လည်း ပါဝင်ကစားခွင့်ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

စပိန်ကလာတဲ့သတင်းတွေအရတော့ ဗီလာရီးရဲအသင်းဟာ တောရက်စ်ရဲ့တန်ကြေးကို ပေါင်၄၃သန်းအထိ သတ်မှတ်ပေးထားတယ်လို့ သိရှိရပြီး အာဆင်နယ်အသင်းကလည်း အဆိုပါ တန်ကြေးကို ပေးချေဖို့ စဥ်းစားထားပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းနဲ့ ရင်းနှီးသူတွေကတော့ အာဆင်နယ်အသင်းဟာ တောရက်စ်ကို ဝယ်ယူရာမှာ လိုင်လီအသင်းကနေ ပေပေကို ပေါင်၇၂သန်းနဲ့ဝယ်ယူစဥ်ကလို အရစ်ကျစနစ်နဲ့သာ ဝယ်ယူဖို့ စီစဥ်နေကြောင်း ဖွင့်ဟထားကြပါတယ်။

Photo Credit: Metro.com

ဆက်စပ်သတင်းတွေအရ အာဆင်နယ်အသင်းနည်းပြ အမ်မရီဟာ အာဆင်နယ်အသင်းမှာ ဆက်ရှိနေခွင့်ရဖို့အတွက် အချိန်တစ်လသာ စောင့်ကြည့်ခြင်းခံရတော့မယ်လို့ သိရပါတယ်။ အကယ်၍ ဒီဇင်ဘာလအကုန်မှာသာ အူနိုင်းအမ်မရီအနေနဲ့ ရလဒ်ကောင်းတစ်စုံတစ်ရာကို ဖန်တီးပြနိုင်ခြင်းမရှိရင်တော့ အာဆင်နယ်အသင်းကနေ ထုတ်ပယ်သွားတော့မယ်လို့လည်း ကြားသိရပါတယ်ခင်ဗျာ…။