နည္းျပ အာတီတာရဲ႕ အာဆင္နယ္အသင္းဟာ အိမ္ကြင္းမွာ ရွက္ဖီးလ္အသင္းကုိ (၁-၁) ရလဒ္နဲ႔ သေရက်ခဲ့တာေၾကာင့္ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ (၃) ပဲြဆက္မွာ ရႈံးပဲြမရွိခဲ့ဘဲ (၁) ပဲြႏုိင္ (၂) ပဲြသေရ ရလဒ္ကုိ ရရွိခဲ့ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာဟာ ခရစ္စတယ္ ပဲေလ့စ္အသင္းနဲ႔ သေရက်ခဲ့တဲဲ့ ပဲြစဥ္က ကစားသမားေတြကုိ အေျပာင္းအလဲ (၃) ခု ျပဳလုပ္ခဲ့ၿပီး (၄-၂-၃-၁) ကစားကြက္မွာ မူစတာဖီ၊ မာတင္နယ္လ္လီ နဲ႔ ဆာကာကုိ အသုံးျပဳလာခဲ့ပါတယ္။

Photo Credit: Twitter

အာဆင္နယ္အသင္းဟာ ပထမပုိင္းအစပုိင္းမွာ ရွက္ဖီးလ္အသင္းကို ဖိအားမေပးႏုိင္ခဲ့ေပမဲ့လည္း ပထမပုိင္းၿပီးဆုံးခါနီးမွာေတာ့ ကစားဟန္ သိသိသာသာ တုိးတတ္လာခဲ့ၿပီး ဆာကာရဲ႕ ေပးပုိ႔မႈကုိ ေပးပုိ႔မႈကုိ မာတင္နယ္လ္လီက ေျမမက်ကန္သြင္းခဲ့ပါတယ္။ မာတင္နယ္လ္ဆီဟာ ပဲြခ်ိန္ (၄၅) မိနစ္မွာ ဦးေဆာင္ဂုိး သြင္းယူခဲ့တာေၾကာင့္ လက္ရွိရာသီမွာ ဒုတိယေျမာက္ ပရီးမီယားလိဂ္ဂုိးကုိ သြင္းယူခဲ့ၿပီး အာဆင္နယ္အသင္းက ပထမပိုင္းကုိ အိမ္ကြင္းမွာ (၁-၀) နဲ႔ အႏုိင္ရေနခဲ့ပါတယ္။

Photo Credit: Twitter

အာဆင္နယ္အသင္းဟာ ဒုတိယပုိင္းမွာ ဘက္ေပါင္းစုံ အစစအရာရာ ပုိေကာင္းလာခဲ့ေပမဲ့လည္း ပဲြၿပီးခါနီး (၈၃) မိနစ္မွာ ဂြ်န္ ဖလက္ခ္ရဲ႕ ေခ်ပဂုိးကုိ ခြင့္ျပဳခဲ့ရၿပီး ဂြ်န္ ဖလက္ခ္ဟာ သူ႔ရဲ႕ ကစား သမား ဘဝ တစ္ေလွ်ာက္ တစ္ရာသီမွာ လိဂ္သြင္းဂုိး (၅) ဂုိးကုိ ပထမဆုံး သြင္းယူႏုိင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ဂြ်န္ ဖလက္ခ္ရဲ႕ သြင္းဂုိးကုိ ခြင့္ျပဳခဲ့ရၿပီးတဲ့ေနာက္ ရွက္ဖီးလ္အသင္းရဲ႕ တရစပ္ ဖိအားေပးမႈကို ခံေနခဲ့ရၿပီး ေခ်ပဂိုး ျပန္သြင္းဖုိ႔ အျပင္းအထန္ ႀကိဳးစားခဲ့ေပမဲ့ အခ်ိန္လြန္ ေနာက္က်သြားခဲ့ၿပီ ျဖစ္တာေၾကာင့္ အိမ္ကြင္းမွာ သေရက်ၿပီး (၁) မွတ္စီ ရယူသြားခဲ့ပါတယ္။

{Unicode}

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ရှက်ဖီးလ်အသင်းကို (၁-၁) ရလဒ်နဲ့ သရေကျခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲဆက်မှာ ရှုံးပွဲမရှိခဲ့ဘဲ (၁) ပွဲနိုင် (၂) ပွဲသရေ ရလဒ်ကို ရရှိခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ခရစ်စတယ် ပဲလေ့စ်အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်က ကစားသမားတွေကို အပြောင်းအလဲ (၃) ခု ပြုလုပ်ခဲ့ပြီး (၄-၂-၃-၁) ကစားကွက်မှာ မူစတာဖီ၊ မာတင်နယ်လ်လီ နဲ့ ဆာကာကို အသုံးပြုလာခဲ့ပါတယ်။

Photo Credit: Twitter

အာဆင်နယ်အသင်းဟာ ပထမပိုင်းအစပိုင်းမှာ ရှက်ဖီးလ်အသင်းကို ဖိအားမပေးနိုင်ခဲ့ပေမဲ့လည်း ပထမပိုင်းပြီးဆုံးခါနီးမှာတော့ ကစားဟန် သိသိသာသာ တိုးတတ်လာခဲ့ပြီး ဆာကာရဲ့  ပေးပို့မှုကို မာတင်နယ်လ်လီက မြေမကျကန်သွင်းခဲ့ပါတယ်။ မာတင်နယ်လ်လီဟာ ပွဲချိန် (၄၅) မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူခဲ့တာကြောင့် လက်ရှိရာသီမှာ ဒုတိယမြောက် ပရီးမီယားလိဂ်ဂိုးကို သွင်းယူခဲ့ပြီး အာဆင်နယ်အသင်းက ပထမပိုင်းကို အိမ်ကွင်းမှာ (၁-ဝ) နဲ့ အနိုင်ရနေခဲ့ပါတယ်။

Photo Credit: Twitter

အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းမှာ ဘက်ပေါင်းစုံ အစစအရာရာ ပိုကောင်းလာခဲ့ပေမဲ့လည်း ပွဲပြီးခါနီး (၈၃) မိနစ်မှာ ဂျွန် ဖလက်ခ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး ဂျွန် ဖလက်ခ်ဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် တစ်ရာသီမှာ လိဂ်သွင်းဂိုး (၅) ဂိုးကို ပထမဆုံး သွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဂျွန် ဖလက်ခ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးတဲ့နောက် ရှက်ဖီးလ်အသင်းရဲ့ တရစပ် ဖိအားပေးမှုကို ခံနေခဲ့ရပြီး ချေပဂိုး ပြန်သွင်းဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမဲ့ အချိန်လွန် နောက်ကျသွားခဲ့ပြီ ဖြစ်တာကြောင့် အိမ်ကွင်းမှာ သရေကျပြီး (၁) မှတ်စီ ရယူသွားခဲ့ပါတယ်။