အာဆင်နယ် နောက်ခံလူ တီယာနေးဟာ ကွန်မြူနတီဒိုင်းလုပွဲမှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီးတဲ့နောက် အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် ထိပ်သီး (၄) နေရာ ဝင်ခွင့် နဲ့  ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားရဖို ထိုက်တန်တယ်လို ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ရာသီကြို ဗိုလ်လုပွဲ အဖြစ် လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ တိုက်စစ်မှူး အူဘားမီယန်းရဲ့ သွင်းဂိုးနဲ့ စတင်ဦးဆောင်ခဲ့ပေမယ့်လည်း မီယာမီနိုရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရတာကြောင့် (၁-၁) သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ ပင်နယ်တီ (၅) လုံး ကန်တဲ့ အချိန်မှာ အမှားအယွင်း မရှိခဲ့ဘဲ လီဗာပူးလ် အသင်းက ပင်နယ်တီ (၅) လုံးမှာ (၁) လုံး မဝင်ခဲ့တာကြောင့် (၅-၄) ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပြီး ရာသီသစ် မစခင်မှာ ကွန်မြူနတီဒိုင်းကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ အဆင့် (၈) နေရာနဲ့ ရာသီကုန်ခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် မရနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း အာဆင်နယ် နောက်ခံလူ တီယာနေးက အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး (၄) နေရာ ဝင်ခွင့် ရဖို နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို ထိုက်တန်တယ်လို ပြောခဲ့ပါတယ်။

Photo Credit: Goal 

တီယာနေးက “ဒီပွဲစဉ်ကို ဒီလို ကစားသမားတွေနဲ့ ကစားခဲ့ပြီး ကျွန်တော်တို ယုံကြည်မှုတွေ ပို၊ ပိုပြီး ရှိလာတယ်။ ဒီလိုကစားနိုင်တာက ယုံကြည်မှု နဲ့ စိတ်ဓါတ်ကြောင့် ဖြစ်မယ်လို ကျွန်တော် ထင်တယ်။ နည်းပြက ဒါတွေကို ပထမနေ့ကတည်းက ရိုက်သွင်းပေးခဲ့ပြီး ခံစစ်ကြောင်းက ကောင်းလာခဲ့တယ်။ ဒီဟာက ကျွန်တော်တို လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း လေ့ကျင့်ရမယ့် အရာပါ။ ကျွန်တော်တို ဒီပွဲကို ဗီဒီယိုနဲ့ ပြန်ကြည့်တယ်။ ဒီနိုင်ပွဲက ကံကောင်းမှု မဟုတ်သလို၊ အခွင့်အရေး တစ်ခုလည်း မဟုတ်ဘူး။ ဒီနိုင်ပွဲက ကြိုးစားမှုပါ။ ပရိသတ်တွေ နဲ့ အသင်းက ချန်ပီယံလိဂ်မှာ ရှိနေကြရဖို ထိုက်တန်ပါတယ်။ သူတို ထိပ်သီး အဆင့် (၄) နေရာမှာ ဝင်နိုင်ဖို ထိုက်တန်ပါတယ်။ ကျွန်တော်တိုရဲ့ တက်နိုင်သမျှနဲ့ ကစားသွားပါမယ်။ အကောင်းဆုံးနဲ့ ကစားသွားပါမယ်။ ဒီနှစ်မှာ ရင်ဆိုင် ကစားသွားရမယ့် ပွဲစဉ်တွေကို တစ်ပွဲချင်း အကောင်းဆုံး တိုက်ပွဲဝင် ကစားသွားပါမယ်”လို အခိုင်အမာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။