အသင္းအေပၚကို ေပးဆပ္မွုနည္းကာ ရသမ်ွ ပိုက္ဆံကိုပဲ ယူေလ့ရွိတဲ့ အသင္းပိုင္ရွင္ ခရြန္ကီ မိသားစုနဲ႔ပတ္သတ္ၿပီး အာဆင္နယ္ပရိသတ္ ေတြရဲ့ ခံစားခ်က္ေတြဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ပိုပိုၿပီးေတာ့ တိုးလာခဲ့ပါတယ္။ အသင္းရဲ့ လူအင္အားဟာ ထိပ္တန္းအဆင့္ဆိုတဲ့ ေနရာတစ္ခုကေန ေသြဖယ္လာခ်ိန္မွာ အာဆင္နယ္ ပရိသတ္ေတြဟာ အသင္းပိုင္ရွင္ ခရြန္ကီ မိသားစုရဲ့ အသင္းအေပၚထားတဲ့ ေမတၱာတရားကို နားလည္လာၾကပါတယ္။
Photo Credit: Daily Mail.com
ဒါ့ေၾကာင့္လည္း အခုေနာက္ပိုင္းမွာ ခရြန္ကီ Out ဆိုတဲ့ စကားလုံးကို မၾကာခဏဆိုသလို ၾကားေနရၿပီး လက္ရွိမွာေတာ့ အာဆင္နယ္ ပရိသတ္ေတြရဲ့ အပူမီးေတြကို ၿငိမ္းသတ္ေပးဖို႔ ႀကိဳးစားေနတဲ့ လူတစ္ဦး ထြက္ေပၚလာပါတယ္။ အဆိုပါလူကေတာ့ အာဖရိကရဲ့အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္တဲ့ ဒန္ဂိုတီပဲ ျဖစ္ပါတယ္။
Photo Credit: Daily Mail.com
ကမၻာေပၚမွာ ၉၆ေယာက္ေျမာက္ အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္တဲ့ ဒန္ဂိုတီဟာ အာဆင္နယ္ကို ဝယ္ယူခြင့္ရရွိခ်င္ေၾကာင္းေျပာဆိုခဲ့ၿပီး သူဟာ လက္ရွိမွာ ေဒၚလာ၂၀ဘီလီယံတန္ေၾကးရွိတဲ့ ပေရာဂ်က္တစ္ခုကို လုပ္ေဆာင္ေနကာ အဆိုပါ ပေရာဂ်က္သာ ၿပီးဆုံးသြားခဲ့ပါက အာဆင္နယ္ ကို ဝယ္ယူဖို႔ ႀကိဳးစားသြားမယ္လို႔ ေျပာဆိုလာခဲ့ပါတယ္။
Photo Credit: Daily Mail.com
ဒန္ဂိုတီက ” အာဆင္နယ္က ကၽြန္ေတာ္ ဝယ္ယူဖို႔ ႀကိဳးစားမယ့္ အသင္းေတြထဲက တစ္သင္းပါ။ လက္ရွိမွာ ကၽြန္ေတာ္ဟာ ေဒၚလာ ၂၀ဘီလီယံတန္ေၾကးရွိတဲ့ ပေရာဂ်က္တစ္ခုကို လုပ္ေဆာင္ေနပါတယ္။ အဲ့ဒီပေရာဂ်က္က ၂၀၂၁ ခုႏွစ္မွာ ၿပီးဆုံးဖို႔ရွိၿပီးေတာ့ ၂၀၂၀ မွာ အာဆင္နယ္ကို ဝယ္ယူဖို႔ ႀကိဳးစားသြားမွာပါ ” လို႔ ဖြင့္ဟလာခဲ့ပါတယ္။
အသင်းအပေါ်ကို ပေးဆပ်မှုနည်းကာ ရသမျှ ပိုက်ဆံကိုပဲ ယူလေ့ရှိတဲ့ အသင်းပိုင်ရှင် ခရွန်ကီ မိသားစုနဲ့ပတ်သတ်ပြီး အာဆင်နယ်ပရိသတ် တွေရဲ့ ခံစားချက်တွေဟာ နောက်ပိုင်းနှစ်တွေမှာ ပိုပိုပြီးတော့ တိုးလာခဲ့ပါတယ်။ အသင်းရဲ့ လူအင်အားဟာ ထိပ်တန်းအဆင့်ဆိုတဲ့ နေရာတစ်ခုကနေ သွေဖယ်လာချိန်မှာ အာဆင်နယ် ပရိသတ်တွေဟာ အသင်းပိုင်ရှင် ခရွန်ကီ မိသားစုရဲ့ အသင်းအပေါ်ထားတဲ့ မေတ္တာတရားကို နားလည်လာကြပါတယ်။
Photo Credit: Daily Mail.com
ဒါ့ကြောင့်လည်း အခုနောက်ပိုင်းမှာ ခရွန်ကီ Out ဆိုတဲ့ စကားလုံးကို မကြာခဏဆိုသလို ကြားနေရပြီး လက်ရှိမှာတော့ အာဆင်နယ် ပရိသတ်တွေရဲ့ အပူမီးတွေကို ငြိမ်းသတ်ပေးဖို့ ကြိုးစားနေတဲ့ လူတစ်ဦး ထွက်ပေါ်လာပါတယ်။ အဆိုပါလူကတော့ အာဖရိကရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဒန်ဂိုတီပဲ ဖြစ်ပါတယ်။
Photo Credit: Daily Mail.com
ကမ္ဘာပေါ်မှာ ၉၆ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဒန်ဂိုတီဟာ အာဆင်နယ်ကို ဝယ်ယူခွင့်ရရှိချင်ကြောင်းပြောဆိုခဲ့ပြီး သူဟာ လက်ရှိမှာ ဒေါ်လာ၂၀ဘီလီယံတန်ကြေးရှိတဲ့ ပရောဂျက်တစ်ခုကို လုပ်ဆောင်နေကာ အဆိုပါ ပရောဂျက်သာ ပြီးဆုံးသွားခဲ့ပါက အာဆင်နယ် ကို ဝယ်ယူဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။
Photo Credit: Daily Mail.com
ဒန်ဂိုတီက ” အာဆင်နယ်က ကျွန်တော် ဝယ်ယူဖို့ ကြိုးစားမယ့် အသင်းတွေထဲက တစ်သင်းပါ။ လက်ရှိမှာ ကျွန်တော်ဟာ ဒေါ်လာ ၂၀ဘီလီယံတန်ကြေးရှိတဲ့ ပရောဂျက်တစ်ခုကို လုပ်ဆောင်နေပါတယ်။ အဲ့ဒီပရောဂျက်က ၂၀၂၁ ခုနှစ်မှာ ပြီးဆုံးဖို့ရှိပြီးတော့ ၂၀၂၀ မှာ အာဆင်နယ်ကို ဝယ်ယူဖို့ ကြိုးစားသွားမှာပါ ” လို့ ဖွင့်ဟလာခဲ့ပါတယ်။