လက်ရှိရာသီကို ဖျက်သိမ်းမယ် ဆိုရင် ဝမ်းအနည်းဆုံးအသင်းက နှစ် (၃၀) ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ (၆) မှတ်ပဲ လိုတော့တဲ့ လီဗာပူးလ်အသင်း ဖြစ်မှာ ဖြစ်ပြီး အပျော်ရွင်ဆုံးအသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရမယ့် အာဆင်နယ်အသင်း ဖြစ်ပါတယ်။ တကယ်လို့ လက်ရှိရာသီကို ဖျက်သိမ်းမယ် ဆိုရင် အမှတ်ပေး ဇယားကိုပါ ဖျက်သိမ်းသွားမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရမယ့် အသင်း (၄) သင်းဟာ ပြီးခဲ့တဲ့ (၂၀၁၈-၁၉) ခုနှစ်ရာသီက ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ ထိပ်ဆုံး (၄) နေရာ ရရှိခဲ့တဲ့ (၄) သင်း ဖြစ်ကြမှာပါ။

Photo Credit: Goal

ပြီးခဲ့တဲ့ (၂၀၁၈-၁၉) ခုနှစ်မှာ ထိပ်သီး (၄) နေရာကို ရရှိထားတဲ့ အသင်း (၄) သင်းကတော့ မန်စီးတီးအသင်း၊ လီဗာပူးလ်အသင်း၊ ချဲလ်ဆီးအသင်း နဲ့ စပါးအသင်း ဖြစ်ပြီး အာဆင်နယ် အသင်းကတော့ နည်းပြ အမ်မရီရဲ့ လက်ထက်မှာ အဆင့် (၅) နေရာကို ရရှိထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈-၁၉) ခုနှစ်မှာ ထိပ်သီး (၄) နေရာကို ရရှိထားတဲ့ အသင်း (၄) သင်းထဲက မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် (၂) နှစ်ကြာ ပိတ်ပင်ခံရတာကြောင့် အဆင့် (၅) နေရာက အာဆင်နယ်အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိမယ့် အသင်းသစ် ဖြစ်မှာပါ။

Photo Credit: Goal

တကယ်လို့ လက်ရှိရာသီကို ဖျက်သိမ်းမယ် ဆိုရင် (၂၀၁၈-၁၉) ခုနှစ် ရာသီက ပရီးမီးယား လိဂ် ထိပ်သီး (၄) သင်းက ချန်ပီယံလိဂ် ဝင်ခွင့် ရမှာ ဖြစ်ပြီး မန်စီးတီးအသင်းက ချန်ပီယံလိဂ် (၂) နှစ်ကြာ ကစားခွင့် ပိတ်ပင်ခံရတာကြောင့် အာဆင်နယ်အသင်းက ဝင်ခွင့် ရရှိသွားမှာပါ။ အာဆင်နယ်အသင်းဟာ (၂၀၁၈-၁၉) ရာသီက နည်းပြ အမ်မရီရဲ့ လက်ထက်မှာ ပရီးမီးယား လိဂ် ပြိုင်ပွဲကို အဆင့် (၅) နေရာနဲ့ အဆုံးသတ်ခဲ့တာကြောင့် ချန်ပီယံလိဂ် (၂) နှစ်ကြာ ကစားခွင့် ပိတ်ပင်ခံရတဲ့ မန်စီးတီးအသင်းရဲ့ နေရာမှာ အစားထိုးသွားရမှာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းသွားမယ် ဆိုရင် နောက်နှစ်မှာ ချန်ပီယံလိဂ် ဝင်ရောက် ကစားခွင့် ရရှိသွားမယ့် အသင်း ဖြစ်မှာ သေချာပါတယ်။