အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက သူနဲ့အတူ မန်ချက်စတာစီးတီးအသင်းမှာ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ အင်္ဂလန် တောင်ပံကစားသမား ရာဟင်စတာလင်ကို လာမဲ့ နွေရာသီ ဈေးကွက်ထဲ အာဆင်နယ်အသင်းဆီ ခေါ်ဆောင်သွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

မန်စီးတီး ကစားသမားဟောင်း စတာလင်ဟာ ဒီရာသီမှာပဲ ချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့ဖြစ်ပြီး စတာလင်က ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ (၂၅)ပွဲ ကစားထားပြီးနောက် (၆)ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို ချဲလ်ဆီးဘက်ကလည်း တိုက်စစ်ကစားသမားတွေ ထပ်မံ ခေါ်ယူ အားဖြည့်ထားခဲ့လို့ စတာလင်ရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက လာမဲ့ ဈေးကွက်တွေအတွင်းမှာ ကစားသမား ရောင်းချမှုတွေကိုလည်း လုပ်ဆောင်ရနိုင်ပြီး ကစားသမား အရေအတွက်ပါ လျှော့ချရဖို့ ရှိနေတဲ့အတွက် စတာလင်လည်း အသင်းနဲ့ ပြန်လည် လမ်းခွဲရဖွယ် ရှိနိုင်ပါတယ်။

Photo Credit : The Mirror

ဒီလို အခြေအနေမျိုး ရှိနေတဲ့ စတာလင်ကို အာဆင်နယ်နည်းပြ အာတီတာက စိတ်ဝင်စားလို့နေပြီး အာဆင်နယ်အသင်းဆီကို ခေါ်ဆောင်သွားဖို့ပါ စဉ်းစားလျက် ရှိနေပါတယ်။ အာတီတာက စတာလင်ကို နဂိုကတည်းက သဘောကျနေသူဖြစ်ပြီး မန်စီးတီးကနေ ချဲလ်ဆီးအသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက စတာလင်ကို အာဆင်နယ်အသင်းဆီ ခေါ်ဆောင်ချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာတီတာက မန်စီးတီးကနေ ဂါဘရီရယ်ဂျေဇူးနဲ့ ဇင်ချန်ကိုတို့ကိုသာ ခေါ်ယူနိုင်ခဲ့ပြီး စတာလင်ကိုတော့ ချဲလ်ဆီးက လက်ဦးမှုယူကာ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

Raheem Sterling ups his return from injury | News | Official Site | Chelsea  Football Club

Photo Credit : Chelsea Football Club

လက်ရှိမှာတော့ ချဲလ်ဆီးက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် မူဒရစ် ဟာဗက်ဇ် မာဒူအက်ခေ ဘရိုဟာ ဒါထရိုဖိုဖာနာတို့အပြင် ဂျာအိုဖေးလစ်ကိုလည်း အပြီးသတ် ခေါ်ယူနိုင်သလို အန်ကွန်ကူကိုလည်း လာမဲ့ နွေမှာ ခေါ်ယူထားနိုင်ခဲ့လို့ စတာလင် အပါအဝင် အူဘာမီယန်း ဇီယက်ရှ် ပူလီဆစ်တို့ရဲ့ အနာဂတ် အခြေအနေတွေက မသေချာတော့ပဲ စတာလင်ကိုလည်း အာဆင်နယ်က ခေါ်ယူသွားချင်လာခဲ့ပါတယ်။ အာဆင်နယ်က အခု ဆောင်းဈေးကွက်ထဲမှာလည်း ချဲလ်ဆီးကနေ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူထားခဲ့တာမို့ လာမဲ့ နွေမှာပါ စတာလင်ကို ထပ်မံ ခေါ်ယူသွားဦးမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။