အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ လန်ဒန်မြို့ခံ ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ကန်တေဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့ပြီး ချယ်လ်ဆီးအနေနဲ့ ကန်တေကို စာချုပ်ကုန်ဆုံးချိန်ထိ အသင်းမှာ ဆက်မထားတော့ပဲ ဒီနွေမှာသာ အပြီးသတ် ရောင်းထုတ်ဖို့ကိုလည်း အာဆင်နယ်အသင်းဘက်က မျှော်လင့်နေတယ်လို့ သိရှိရပါတယ်။

Kante has just 12 months left on his contract at Chelsea

Photo Credit : Daily Star

အသက်(၃၁)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တေဟာ ချယ်လ်ဆီးရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့် အသင်းနဲ့က စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့သလို ကန်တေရဲ့ fitness အခြေအနေတွေကလည်း စိတ်ချရတဲ့ အနေအထားမှာ ရှိမနေသေးတဲ့အတွက် ချယ်လ်ဆီးဘက်က ကန်တေကို သက်တမ်းတိုးဖို့ မဝံ့မရဲ ဖြစ်နေရပါတယ်။ ဒီအချိန်မှာ ကန်တေကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အပြင် ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံကလပ် အာဆင်နယ်ကပါ စိတ်ဝင်စားလာခဲ့ပြီး ယူနိုက်တက်က ကန်တေထက် ဖရန်ကီဒီယောင်းကို ဦးစားပေး ပစ်မှတ်ထားနေတာဖြစ်လို့ အာဆင်နယ်က ကန်တေရဲ့ အခြေအနေကို ပိုမိုစောင့်ကြည့်လာခဲ့ပါတယ်။

Manchester United want Chelsea's N'Golo Kante as Ten Hag draws up transfer shortlist - Paper Round - Eurosport

Photo Credit : Eurosport

အာဆင်နယ်အသင်းဟာ ဒီနှစ်နွေမှာ ဂါဘရီယယ်ဂျေဇူး အပါအဝင် မတ်တာနာ မာကွင်ဟို့စ် ဗီယာရာတို့ကို ခေါ်ယူထားခဲ့ပြီး လက်ရှိမှာ ကွင်းလယ်ပိုင်းအတွက် တီလေမန်းစ်နဲ့ မီလင်ကိုဗစ်ဆာဗစ်တို့ကို ဆက်လက်ပစ်မှတ်ထားလျက် ရှိနေရာ အခုလည်း ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကန်တေကိုပါ အံ့အားသင့်စဖွယ် စိတ်ဝင်စားလာခဲ့တယ်လို့ Daily Star ကနေ ဖော်ပြလာခဲ့ပါတယ်။ အသင်းဟောင်း လက်စတာ လက်ရှိကလပ် ချယ်လ်ဆီးအသင်းတွေနဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေကို သိမ်းပိုက်ရယူထားခဲ့ဖူးသူ ကန်တေဟာ ပရီးမီးယားလိဂ်မှာသာမကပဲ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲမှာ ပါဝင်နေသူဖြစ်တာကြောင့် နည်းပြအာတီတာက သူ့အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကန်တေကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးကတော့ အသင်းရဲ့ main player ဖြစ်သူ ကန်တေကို ပြိုင်ဘက်အသင်းဆီ လက်လွတ်သွားဖို့ ဆန္ဒမရှိသလို အလွတ်နဲ့ပါ မဆုံးရှံးရစေဖို့အတွက် အနည်းဆုံး တစ်နှစ်သက်တမ်းလောက် ထပ်မံတိုးမြှင့်သွားဖွယ်သာ ရှိနေပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်ဟာ ကန်တေအပြင် လိုင်ယွန်ကွင်းလယ်လူ ပါကွယ်တာကိုပါ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။