အာဆင်နယ်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်း ကစားသမားအင်အား ဖြည့်တင်းသွားဖို့ စီစဉ်လျက်ရှိနေရာ အသင်းတိုက်စစ်ပိုင်းအတွက်ရော ကွင်းလယ်အပိုင်းအတွက်ပါ ထိပ်တန်းကစားသမားတချို့ကို ခေါ်ယူအားဖြည့်သွားဖွယ် ရှိနေပြီး လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ယိုရီတီလေမန်းစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။

Arsenal want Leicester star Youri Tielemans - but Real Madrid are also circling the Belgian

Photo Credit : The Sun

အသက်(၂၅)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်လူ တီလေမန်းစ်ဟာ ၂၀၁၉ခုနှစ်ကမှ မိုနာကိုအသင်းကနေ လက်စတာအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အငှားသက်တမ်း ကုန်ဆုံးချိန်မှာပဲ ပေါင်(၃၂)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့သလို အချိန်တိုလေးအတွင်းမှာပဲ လက်စတာရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ လက်စတာနဲ့ အက်အေဖလား ချန်ပီယံ ဖြစ်ခဲ့ရပြီး ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာပါ ဆီမီးဖိုင်နယ်အဆင့်ထိကိုလည်း တတ်လှမ်းနိုင်ခဲ့ရတဲ့ တီလေမန်းစ်ဟာ လက်စတာအသင်းအတွက် ပွဲပေါင်း(၁၅၄)ပွဲအထိကို ပါဝင်ထားနိုင်ခဲ့ပါတယ်။

Arsenal transfer news: Youri Tielemans hopes grow after big David Ornstein reveal, as Mohamed Elneny also nears new deal

Photo Credit : TEAMtalk

ဒီရာသီမှာလည်း လက်စတာအတွက် ပွဲစဉ်ပေါင်း(၄၆)ပွဲအထိကို ပါဝင်ကစားထားခဲ့တဲ့ တီလေမန်းစ်ဟာ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ လက်စတာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်စတာဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် တီလေမန်းစ်ဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချထားခဲ့သလို လာမယ့်စျေးကွက်ထဲမှာပဲ အသင်းနဲ့ လမ်းခွဲသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ တီလေမန်းစ်ကို ရီးယဲလ်မက်ဒရစ် အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က အပြိုင်အဆိုင် ပစ်မှတ်ထားနေကြပြီး ကစားသမားကိုယ်တိုင် အင်္ဂလန်မှာ ဆက်လက်ကစားချင်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ ပါဝင်ဆင်နွဲချင်တာဖြစ်လို့ အာဆင်နယ်ကို ရွေးချယ်သွားဖို့ အခြေအနေများနေတာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ချာကာ ပါတေးတို့ ရှိနေပေမယ့် ပါတေးက မကြာခဏ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ရတဲ့ ကစားသမားဖြစ်နေလို့ အယ်လ်နီနီကလည်း အသင်းနဲ့ မရေမရာ ဖြစ်နေတာကြောင့် တီလေမန်းစ်လို အရည်အသွေးမြင့် ကွင်းလယ်ကစားသမားမျိုးကို အရခေါ်ယူသွားချင်နေတာ ဖြစ်သလို ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။