အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်း ကတော့ ဂျာမန်ဘွန်ဒက်လီဂါ အသင်းတစ်သင်း ဖြစ်တဲ့ ဟာသာဘာလင် အသင်းရဲ့ လူငယ် ခံစစ်ဗဟို ကစားသမား အိုမာ ရီကစ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းထံ ခေါ်ယူဖို့ရာ အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း တရားဝင် သဘောတူညီမှု စာချုပ်တော့ မချုပ်ဆိုရသေးဘူးလို့ လန်ဒန် သတင်းဌာန‌တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အိုမာ ရီကစ် အနေနဲ့ ကြာသပတေးနေ့က လန်ဒန်မြို့ကို ရောက်ရှိလာခဲ့ပြီးတဲ့ နောက်မှာတော့ အာဆင်နယ် အသင်းအနေနဲ့ ရီကစ် ကိုခေါ်ယူဖို့ရာအတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

လူငယ် ကစားသမား အိုမာရီကစ် အနေနဲ့ ကြာသပတေးနေ့က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ တစ်ခု ဖြစ်တဲ့ အင်စတာဂရမ်မှာ လေယာဉ် ဆိုက်ရောက်နေတဲ့ပုံနဲ့ တည်နေရာကို လန်ဒန် ဆိုပြီး ဖော်ပြထားတဲ့ ပုံတစ်ပုံ တင်ခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံကြောင့် အိုမာ ရီကစ် အနေနဲ့ အာဆင်နယ် အသင်းနဲ့ အတူ ညှိနှိုင်းဆွေးနွေးတာ နောက်ဆုံး အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း စောင့်ကြည့် လေ့လာသူတွေက သုံးသပ်ဖော်ပြခဲ့ကြပါတယ်။ အိုမာ ရီကစ် ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဟာသာ ဘာလင် အသင်း အတွက် ၈ ပွဲ ပါဝင် ကစားပေးထားပြီးတော့ ခံစစ်ကစားသမား တစ်ဦးဖြစ်ပေမယ့်လည်း သွင်းဂိုး ၁ ဂိုး ရယူပေးထားနိုင်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အာဆင်နယ် အသင်း အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အိုမာ ရီကစ် ကို ပြောင်းရွှေ့ကြေး ပေါင် ၉ သိန်း နဲ့ ခေါ်ယူဖို့ သဘောတူညီထားတဲ့ အပြင် မတ်တီအို ဂွမ်ဒူဇီကို ဟာသာဘာလင် အသင်းထံ အငှားချပေးဖို့ ပေးဖို့ ကိစ္စလည်း ပါဝင်‌ နေတယ်လို့ သိရှိရပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ အိုမာရီကစ် ကို ခေါ်ယူဖို့ရာအတွက် အနီးစပ်ဆုံး အနေအထားမှာ ရှိနေ‌ပေမယ့်လည်း စာချုပ် ချုပ်ဆိုဖို့ရာအတွက် အချိန်ကုန်သွားဆုံးပြီ ဖြစ်တာကြောင့် တရားဝင် သဘောမျိုးတော့ စာချုပ်မချုပ်ဆို ရသေးဘူး ဖြစ်ပါတယ်။ ဆိုလိုတာက အာဆင်နယ် အသင်းအနေနဲ့ စာချုပ် ချုပ်ဆိုချင်ရင် ဇန်နဝါရီလ ထိရောက်အောင် စောင့်ဆိုင်းရအုန်းမယ့် အခြေအနေ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ဂိုးသမား တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ဒေးဗစ် စီးမန်း ကလည်း နည်းပြအာတီတာ အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်သင့်တယ်လို့ အကြံပြု ပြောဆိုထားပါတယ်။