ၿပီးခဲ့တဲ့ေဘာလုံးရာသီဝက္မွာ ခံစစ္ပိုင္း အားနည္းခ်က္ေတြေၾကာင့္ မဆုံးရွုံးသင့္တဲ့ရမွတ္ေတြကို ဆုံးရွုံးခဲ့ရတဲ့ အာဆင္နယ္အသင္းဟာ ယခု ေဆာင္းရာသီေစ်းကြက္မွာေတာ့ ေနာက္တန္းကို အဓိက ျပင္ဆင္ဖို႔ ႀကိဳးစားေနၿပီး ဖလာမင္ဂို အသင္းရဲ့ ေနာက္ခံလူ ပါဘလိုမာရီကို အငွားနဲ႔ ေခၚယူထားၿပီးၿပီ ျဖစ္ပါတယ္။

Photo Credit: Football London.com

ဒါေပမယ့္ အာဆင္နယ္အသင္းဟာ သူတို႔ရဲ့ ေနာက္တန္းကို စိတ္ခ်ေသးျခင္းမရွိေသးပဲ ထပ္မံအင္အားျဖည့္တင္းလိုေနကာ လက္ရွိမွာ ေဆာက္သမ္တန္အသင္းရဲ့ ညာေနာက္ခံလူ ဆီဒရစ္ကို ရာသီဝက္အငွားနဲ႔ ေခၚယူဖို႔ ထပ္မံ ကမ္းလွမ္းထားေသးေၾကာင္း လန္ဒန္ၿမိဳ႕ အေျခစိုက္သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Football London.com

အသက္၂၈ႏွစ္အရြယ္ ဆီဒရစ္ဟာ လက္ရွိ ေဘာလုံးရာသီမွာ ေဆာက္သမ္တန္အသင္းရဲ့ အဓိက ညာေနာက္ခံလူအျဖစ္ ကစားခြင့္ရရွိေနသူျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၁၆ပြဲအထိ ကစားေပးထားကာ လက္ရွိအခ်ိန္မွာေတာ့ ဒူးေခါင္းဒဏ္ရာေၾကာင့္ နားေနရသူျဖစ္ၿပီး ေဖေဖာ္ဝါရီလေရာက္မွသာ ေလ့က်င့္ခန္းေတြ ျပန္လုပ္ေဆာင္နိုင္မွာပါ။

Photo Credit: Football London.com

လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရ အာဆင္နယ္အသင္းဟာ ဆီဒရစ္ကို ေခၚယူနိုင္ဖို႔ ေဆာက္သမ္တန္အသင္းကို အငွားေၾကး ေပါင္ ၃သန္းခန႔္ေပးေခ်ရဖြယ္ ရွိေနၿပီး ဆီဒရစ္ကလဲ ေဆာက္သမ္တန္အသင္းကသာ သေဘာတူပါက အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ဖို႔ စိတ္ကူးရွိတာေၾကာင့္ အေျပာင္းအေရႊ႕ဟာ မၾကာမီမွာပဲ ျဖစ္ေပၚလာဖြယ္ရွိေနပါတယ္။

ပြီးခဲ့တဲ့ဘောလုံးရာသီဝက်မှာ ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် မဆုံးရှုံးသင့်တဲ့ရမှတ်တွေကို ဆုံးရှုံးခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ယခု ဆောင်းရာသီစျေးကွက်မှာတော့ နောက်တန်းကို အဓိက ပြင်ဆင်ဖို့ ကြိုးစားနေပြီး ဖလာမင်ဂို အသင်းရဲ့ နောက်ခံလူ ပါဘလိုမာရီကို အငှားနဲ့ ခေါ်ယူထားပြီးပြီ ဖြစ်ပါတယ်။

Photo Credit: Football London.com

ဒါပေမယ့် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ နောက်တန်းကို စိတ်ချသေးခြင်းမရှိသေးပဲ ထပ်မံအင်အားဖြည့်တင်းလိုနေကာ လက်ရှိမှာ ဆောက်သမ်တန်အသင်းရဲ့ ညာနောက်ခံလူ ဆီဒရစ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ထပ်မံ ကမ်းလှမ်းထားသေးကြောင်း လန်ဒန်မြို့ အခြေစိုက်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Football London.com

အသက်၂၈နှစ်အရွယ် ဆီဒရစ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ဆောက်သမ်တန်အသင်းရဲ့ အဓိက ညာနောက်ခံလူအဖြစ် ကစားခွင့်ရရှိနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ပွဲအထိ ကစားပေးထားကာ လက်ရှိအချိန်မှာတော့ ဒူးခေါင်းဒဏ်ရာကြောင့် နားနေရသူဖြစ်ပြီး ဖေဖော်ဝါရီလရောက်မှသာ လေ့ကျင့်ခန်းတွေ ပြန်လုပ်ဆောင်နိုင်မှာပါ။

Photo Credit: Football London.com

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဆီဒရစ်ကို ခေါ်ယူနိုင်ဖို့ ဆောက်သမ်တန်အသင်းကို အငှားကြေး ပေါင် ၃သန်းခန့်ပေးချေရဖွယ် ရှိနေပြီး ဆီဒရစ်ကလဲ ဆောက်သမ်တန်အသင်းကသာ သဘောတူပါက အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိတာကြောင့် အပြောင်းအရွှေ့ဟာ မကြာမီမှာပဲ ဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။