အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်က နည်းပြ အာစင် ဝင်းဂါးရဲ့ လက်ထက်မှာ ကွင်းလယ်လူ ကန်တေကို ခေါ်ယူနိုင်တဲ့ အခွင့်အရေး ရှိခဲ့ပေမဲ့လည်း အေးဂျင့်ကြေး ပေးချေရမှာ များလွန်တယ်လို့ အကြောင်းပြပြီး ကွင်းလယ်လူ ကန်တေကို ပယ်ချခဲ့ပြီး ကွင်းလယ်လူ ရှာကာကို ခေါ်ယူခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ကန်တေရဲ့ အေးဂျင့်ကို ပေးရမယ့် အေးဂျင့်ကြေး များလွန်းတယ်လို့ သတ်မှတ်တာကြောင့် ကွင်းလယ် ကစားသမား ကန်တေကို ပယ်ချသွားခဲ့ပြီး မခေါ်ယူတော့ဘဲ သူ့အစား ကွင်းလယ် ကစားသမား ရှာကာကို အပြီးသတ် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ရှာကာကို ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ် မေလ (၂၅) ရက်နေ့မှာ မောင်ချန်ဂလာဘတ်အသင်းကနေ ပေါင် (၃၅) သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီး ကွင်းလယ်လူ ရှာကာကို ခေါ်ယူပြီးတဲ့ အချိန်မှာ ကန်တေက ချဲလ်ဆီးအသင်းကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ကန်တေဟာ လက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ဖလား ရရှိခဲ့တာကြောင့် ဥရောပ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေခဲ့ပြီး အာဆင်နယ်အသင်းကို ပြောင်းတော့မလို ဖြစ်ခဲ့ပေမဲ့လည်း ငြင်းပယ်ခံရတာကြောင့် လက်စတာစီးတီးအသင်းကနေ ချဲလ်ဆီးအသင်းကို ပေါင် (၃၂) သန်းနဲ့ ပြောင်းခဲ့ပါတယ်။

Photo Credit: Dailymail

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ကန်တေကို ပေါင် (၃၂) သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်တဲ့ အခွင့်အရေးကောင်း ရရှိခဲ့ပေမဲ့လည်း အေးဂျင်ကြေး များလွန်းတယ်လို့ ပြောပြီး ငြင်းပယ်ခဲ့ပေမဲ့ ကွင်းလယ်လူ ရှာကာကိုတော့ ပေါင် (၃၅) သန်းနဲ့ အပြီးသတ် ခေါ်ယူသွားလိုက်တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ကန်တေကတော့ (၂၀၁၆) ခုနှစ်က စပြီး ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း (၁၂၃) ပွဲ ကစားထားရာမှာ သွင်းဂိုးပေါင်း (၉) ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ တစ်ဖက်က ကွင်းလယ်လူ ရှာကာကတော့ (၂၀၁၆) ခုနှစ်က စပြီး အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း (၁၂၁) ပွဲ ကစားထားရာမှာ သွင်းဂိုးပေါင်း (၇) ဂိုး သွင်းယူခဲ့ပါတယ်။