MySport Myanmar

အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို ရနိုင်သေးတယ်လို့ ပြောလာတဲ့ အာတီတာ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် နော်တင်ဟမ် ဖောရက်စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ သူတို့အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို ရနိုင်သေးတာကြောင့် လက်ကျန် ၂ပွဲစလုံးကို အနိုင်ရအောင် ကြိုးစား ကစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို အချိန်ကြာမြင့်စွာ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၇ပွဲမှာ ၂ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးတွေ ပိုင်ဆိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာ ကနေ ဆင်းပေးခဲ့ရပါတယ်။

Photo Credit: Inside Sports

လက်ရှိမှာတော့ အာဆင်နယ်က အဆင့်(၁) မန်ချက်စတာ စီးတီးထက် ၁ပွဲ ပိုကစားထားချိန်မှာတောင် ရမှတ် ၄မှတ် လျော့နည်းနေခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ကလည်း ၂ပွဲထဲသာ လိုအပ်တော့တာကြောင့် မန်ချက်စတာ စီးတီးက နောက်ထပ် ၁ပွဲကို အနိုင်ကစားရုံနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်နည်းပြ မီခေး အာတီတာကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်မလျော့သေးပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အာတီတာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သေးတယ်လို့ ဆိုလာပါတယ်။

Photo Credit: Express

အာတီတာက – “ကျွန်တော်တို့က ကစားဖို့ ကျန်နေသေးတဲ့ ၂ပွဲစလုံးမှာ အမှားအယွင်း မရှိ ကစားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ပါသေးတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အာဆင်နယ်က လက်ကျန် ၂ပွဲမှာ နော်တင်ဟမ် ဖောရက်စ် ၊ ဝုလ်ဗ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး မန်ချက်စတာ စီးတီးကတော့ ချယ်လ်ဆီး ၊ ဘရိုက်တန် ၊ ဘရန့်ဖို့ဒ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားရဖို့ ကျန်နေပါသေးတယ်။

Exit mobile version